တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ခမရ(၄၀၇)တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဇင်ဝင့်အောင် ဆိုသူအား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ရေဖြူမြို့နယ် PDF ထံမှ သိရသည်။
ခမရ(၄၀၇)တပ်မှ ထားဝယ်ဘက်သို့ အိမ်စီးကားဖြင့်ထွက်လာသည့် ဗိုလ်ကြီး ဇင်ဝင့်အောင်ဆိုသူကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကားအတွင်းမှ အမျိုးသမီးတစ်ဦးနှင့် ကလေး(၂)ဦးအား တွေ့ရှိသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကာ သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)နှင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency