တာချီလိတ်တွင် ခရီးသည်ယာဉ်တစ်စီးတိမ်းမှောက်ကာ နှစ်ဦးဒဏ်ရာရ

တာချီလိတ်တွင် ခရီးသည်ယာဉ်တစ်စီးတိမ်းမှောက်ကာ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အထွက် မယ်ယန်းစုပေါင်းဂိတ်အနီးတွင် ရန်ကုန်မှ တာချီလိတ်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်(၁)စီး ယနေ့ ၂၀၂၄ခုနှစ် မေလ(၃၁)ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက်ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်သည် ဆိုင်ကယ်အား ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တာချီလိတ်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့်  ယာဉ်ပေါ်ပါ ခရီးသည်(၇)ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ရွှေမယ်ယန်းပရတိတအသင်းနှင့် ဦးလှမိုးပရဟိတအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ