ထိုင်းနိုင်ငံတွင် သဝန်ကြောင်သူ မြန်မာအမျိုးသားက ၎င်း၏ လိင်တူ ချစ်သူကို တူဖြင့်ထုရိုက်မှု ဖြစ်ပွား

ထိုင်းနိုင်ငံတွင် သဝန်ကြောင်သူ မြန်မာအမျိုးသားက ၎င်း၏ လိင်တူ ချစ်သူကို တူဖြင့်ထုရိုက်မှု ဖြစ်ပွား
By Mr John

 ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်မြို့ရှိ တိုက်ခန်းတစ်ခန်းတွင် မြန်မာအမျိုးသားတစ်ဦးက သဝန်တိုစိတ်ဖြင့် ၎င်း၏ လိင်တူချစ်သူ ဘယ်လ်ဂျီယံ အမျိုးသား၏ ဦးခေါင်းကို တူဖြင့် ထုရိုက်မှု ဖြစ်ပွားခဲ့သည်။ 

၂၀၂၄ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်၌ တိုက်ခန်းအတွင်း  ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိထားသူ အသက် (၅၆) နှစ်အရွယ် ဘယ်လ်ဂျီယံ အမျိုးသားကို တွေ့ရသလို အသက်(၃၂)နှစ်အရွယ် မြန်မာအမျိုးသား ကျော်ဇင်ထိုက် ဆိုသူကိုလည်း တွေ့ရသည်ဟု သိရသည်။

မြန်မာအမျိုးသားက ၎င်း၏ လိင်တူချစ်သူ အမျိုးသားအနေဖြင့် နောက်ထပ် အသစ်တွေ့နေပြီဟု သံသယဖြင့် သဝန်တိုကာ စကားများ ရန်ဖြစ်ရာမှ ယခုလို  တူဖြင့်ထုရိုက်သည်အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 



အသက်(၃၂)နှစ်အရွယ် မြန်မာအမျိုးသား ကျော်ဇင်ထိုက်ကို ရဲတပ်ဖွဲ့က  ဟတ်ရိုင် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးရာ   ယခု ဖြစ်ရပ် မတိုင်မီ လွန်ခဲ့သည့် (၃) ရက်က မူးယစ်ဆေးဝါး သုံးခဲ့ကြောင်းကိုလည်း စစ်ဆေးပေါ်ပေါက်သည်ဟု သိရသည်။ 



 

၎င်းနှင့် ဘယ်လ်ဂျီယံ အမျိုးသားတို့မှာ ကော့စမွေကျွန်းပေါ်တွင် တွေ့ဆုံခဲ့ကြပြီး လိင်တူချစ်သူများ ဖြစ်လာခဲ့ကြပြီးနောက် ဟတ်ရိုင် သို့ ပြောင်းရွှေ့နေထိုင်ကြခြင်း ဖြစ်သည်။ 

လိင်တူချစ်သူ အမျိုးသားကို ချစ်နေဆဲဖြစ်ကြောင်းနှင့် ၎င်း၏ လုပ်ရပ်များအတွက် တောင်းပန်လိုကြောင်း ကျော်ဇင်ထိုက်က ဖွင့်ဟခဲ့သည်။

 

Source: Bangkok Post

Photo: HATYAI FOCUS