ထိုင်းနိုင်ငံတွင် ကျောင်းဆရာတစ်ဦးက ကျောင်းသူ (၂၂) ဦးကို လိင်ပိုင်းစော်ကားမှု ဖြစ်ပွား

[Photo: CTN News ]
[Photo: CTN News ]
ထိုင်းနိုင်ငံတွင် ကျောင်းဆရာတစ်ဦးက ကျောင်းသူ (၂၂) ဦးကို လိင်ပိုင်းစော်ကားမှု ဖြစ်ပွား
စက်တင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အထက်တန်းကျောင်းဆရာတစ်ဦးက ကျောင်းသူ (၂၂) ဦးကို လိင်ပိုင်းစော်ကားမှုရှိခဲ့ကြောင်း စွပ်စွဲထားပြီး ကျောင်းသူအများစုမှာ ၎င်းစာသင်ကြားနေသည့် အထက်တန်းကျောင်းမှ ဖြစ်သည်။ 

အဆိုပါ အထက်တန်းကျောင်းဆရာက ဆိုရှယ်မီဒီယာတွင်လည်း ညစ်ညမ်းဗီဒီယိုများတင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့ နယ်မြေ (၃) လက်အောက်ခံ Thailand Internet Crime Against Children (TICAC) ဌာနက လိင်ပိုင်းဆိုင်ရာ စော်ကားမှု (၄) ခုနှင့် လူကုန်ကူးမှုကို စုံစမ်းစစ်ဆေးနေပြီးကြောင်း လက်ထောက်ရဲချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီး Surachate Hakparn က ပြောသည်။ 

Surachate က TICAC အမှု (၂) ခုကို အဓိကထား ပြောခဲ့သည်။

ပထမအမှုမှာ ထိုကျောင်းဆရာ၏ အမှုဖြစ်သည်။

 TICAC က ထိုအမှုကို အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနမှတစ်ဆင့် National Centre for Missing & Exploited Children ထံကနေ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး “Learning Thai language with Khru Art” ဟု သိထားကြသည့် ဆိုရှယ်မီဒီယာအကောင့်က လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံများ တင်ခဲ့သည်ဟု ဆိုသည်။ 

ထိုသတင်းအချက်အလက်အရ Nakhon Ratchasima မြို့မှ Nantaphan Chanaphai အမည်ရှိ ကျောင်းဆရာကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ၎င်း၏ အိမ်ကို ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ ထောင်ပေါင်းများစွာသော လိင်ပိုင်ဆိုင်ရာ ညစ်ညမ်းဗီဒီယိုများကို မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများတွင် တွေ့ရှိခဲ့ရသည်။ 

ထို့အပြင် ထိုကျောင်းဆရာက လိင်ပိုင်းစော်ကားခဲ့သည်ဆိုသည့် ကလေးများ၏ ဓာတ်ပုံ (၆၃၉) ပုံကိုလည်း ၎င်း၏ဖုန်းတွင် တွေ့ရှိခဲ့ရသည်။ 

စုစုပေါင်း လိင်ပိုင်းစော်ကားခံရသည့် ကျောင်းသူ (၂၂) ဦးဖြစ်ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး Surachate က ပြောသည်။

နောက်ထပ် သီးခြားဖြစ်သည့် လိင်ပိုင်းစော်ကားမှု ဒုတိယအမှုတစ်ခုတွင် အသက် (၂၂) နှစ်အရွယ် Baramee Thongthip ပါဝင်ပြီး ၎င်းကို အမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခဲ့ပြီးနောက် 

ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

မိခင်ဖြစ်သူ၏ တိုင်ကြားမှုအရ သူမ၏ အသက် (၁၅) နှစ်အရွယ် သားဖြစ်သူကို ၎င်းနှင့် လိင်ဆက်ဆံရန် Baramee Thongthip က သွေးဆောင်ဖြားယောင်းခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ဗီဒီယိုရိုက်ကူးထားပြီး အွန်လိုင်းတွင်တင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ရဲတပ်ဖွဲ့က Thongthip ကို ဖမ်းဆီးစဥ် ၎င်း၏ မိုဘိုင်းဖုန်းအတွင်း ဓာတ်ပုံ (၄၉) ပုံနှင့် ဗီဒီယို (၁၁၂) ခု အပါအဝင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကြောင်းအရာများ ရှာဖွေတွေ့ရှိခဲ့သည်။ 

မိုဘိုင်းဖုန်းအတွင်း ဗီဒီယိုများတွင် တိုင်ကြားသူ အမျိုးသမီး၏ အသက် (၁၅) နှစ်အရွယ် သားဖြစ်သူ ပါဝင်နေကြောင်းလည်း တွေ့ရသည်။

Thongthip က ၎င်းနှင့် လိင်ဆက်ဆံရန် အင်တာနက်မှတစ်ဆင့် ဖိတ်ခေါ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ 

၎င်းက မိုဘိုင်းဖုန်းတစ်လုံးသုံးပြီး လိင်ပိုင်းပြုမူဆက်ဆံပုံများကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးပြီး လူ (၁၅,၀၀) ပါဝင်သည့် သီးခြားအဖွဲ့တစ်ခုအတွက် အွန်လိုင်းတင်ခဲ့ကြောင်း သိရသည်။ 

ထိုအဖွဲ့ဝင် အဖွဲ့ဝင်ဖြစ်ရန် ထိုင်းဘတ်ငွေ (၂၀၀) မှ (၂၅၀) ကြား ပေးရသည်ဟု ဆိုသည်။ 

ရဲတပ်ဖွဲ့က Thongthip ၏ ဘဏ်အကောင့်ကို စစ်ဆေးခဲ့ရာတွင် ဘတ်ငွေ (၁) သန်းခန့် လွှဲပြောင်းမှုရှိကြောင်း တွေ့ရှိခဲ့သည်။

Source: Bangkok Post, CTN News