အင်မထီးရွာ ပျူစောထီးစခန်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များတိုက်ခိုက်

အင်မထီးရွာ ပျူစောထီးစခန်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ အင်မထီးရွာပျူစောထီးစခန်းကို ရိက္ခာပို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း Sothern YSO PDF က မတ်လ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၄ခုနှစ် မတ်လ(၆)ရက်နေ့က အင်မထီးရွာပျူစောထီးစခန်းသို့ ရိက္ခာပို့ပြီးအပြန်တွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် Sothern YSO PDF တပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်အင်အား(၁၂၀)ပါ စစ်ကြောင်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ (၆၀)မမတို့ဖြင့် ပစ်ခတ်ခြင်း များလုပ်ဆောင်ခဲ့ပြီး ပျူစောထီး(၂)ဦးသေကာ ဒဏ်ရာရသူများရှိသည်ဟု သိရသည်။

တိုက်ပွဲအတွင်း Southern YSO PDF မှ ရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။