တာချီလိတ်မြို့   1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်း ကာ လူငယ်များစွာ ဖမ်းဆီးထား

တာချီလိတ်မြို့   1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်း ကာ လူငယ်များစွာ ဖမ်းဆီးထား
ဖေဖော်ဝါရီ 23, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသိမ်းဆည်းမှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စပြီး ယခု သတင်းရေးသားနေချိန် နံနက်(၇)နာရီခွဲအချိန်အထိ ဖမ်းဆီးထား ဝင်ရောက်စီးနင်းထားပြီး အဆောက်အဦးထဲရှိ ညဆိုင်းဆင်းနေသည့် လူရာကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။

ဝင်ရောက်စီးနင်းသည့် အစောပိုင်းအချိန်ကလည်း အဆိုပါ နေရာထဲက ထိုင်းနိုင်ငံသား (၁၀၀)ကျော်ကိုလည်း ကားဖြင့်တင်ဆောင်ပြီး အခြားတနေရာသို့ ဖမ်းဆီးသွားသည်ဟု သိရသည်။

လက်ရှိတွင် စစ်သားများက လောင်းကစားလုပ်ငန်းထဲက မီးခံသေတ္တာများကို ဖောက်ယူခြင်း ငွေနှင့်ဖုန်းများကို ယူဆောင်ခြင်းများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

နေ့ပိုင်းလာရောက် အလုပ်ဆင်းမည့်သူများကြိုလည်း စောင့်ဖမ်းနေကြောင်းလည်း သိရသည်။



#TachileikNewsAgency