ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID 19 ထက် အဆ ၂၀ ပြင်းထန်မည့် ကပ်ရောဂါသစ်အတွက် ပြင်ဆင်ထားရန် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဆွေးနွေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID 19 ထက် အဆ ၂၀ ပြင်းထန်မည့် ကပ်ရောဂါသစ်အတွက် ပြင်ဆင်ထားရန် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဆွေးနွေး
ဇန်နဝါရီ 21, 2024 | နိုင်ငံတကာသတင်း| Covid-19

 COVID 19 ထက် အဆ ၂၀ ပြင်းထန်မည့်  X ရောဂါသစ်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဗုဒ္ဓဟူးနေ့ဆွေးနွေးပွဲတွင် ကမ္ဘာ့ခေါင်းဆောင်များက အဆိုပါကိစ္စကို ဆွေးနွေးကြခြင်းဖြစ်သည်။

 

X ရောဂါကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၈ ခုနှစ်တွင် စတင်သတိထားခဲ့မိခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် သိပ္ပံပညာရှင်ပေါင်း (၃၀၀)ဖြင့် လေ့လာမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်အား လေ့လာတွေ့ရှိမှုအရ ပြင်းထန်သည့် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်နိုင်ချေရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။

X ရောဂါ ၏ ကနဦးဖြစ်နိုင်ချေရှိသည့် COVID 19 မှ အတွေ့အကြုံနှင့် တွေ့ရှိချက်များကို  သိပ္ပံပညာရှင်များနှင့် ကျွမ်းကျင်သူများက လေ့လာနေကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွန်ကြားရေးမှူးချုပ်က ဒါးဗို့စ်ဖိုရမ်တွင် ပြောကြားခဲ့သည်။

X ရောဂါမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ဖြစ်ပြီး လက်ရှိတွင် တိရစ္ဆာန်များ၌ ဖြစ်ပွားနေကာ လူကို ကူးစက်ခြင်းမရှိသေးကြောင်း သိရသည်။

 

Source: CBS