ဂန့်ဂေါရဲစခန်းမှ ရဲတပ်သားတစ်ဦး ABSDFထံ အလင်းဝင် 

ဂန့်ဂေါရဲစခန်းမှ ရဲတပ်သားတစ်ဦး ABSDFထံ အလင်းဝင် 

မကွေးတိုင်း ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် အလင်းဝင်လာကြောင်း ABSDF ထံမှ သိရသည်။

၎င်းရဲတပ်သား သုခ ဆိုသူသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်(၃)စစ်ကြောင်း အမှတ် (၁၂)တပ်ရင်း၊ ယောဒေသစခန်းသို့  အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်သားသည် ABSDFနှင့်ဆက်သွယ်၍ (၇.၆၂)မီလီမီတာကျည်(၅၀)တောင့်နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် လိုအပ်သည်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ရင်းမှ ထွက်ပြေးလာသည့် ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုတို့ ABSDFထံ ခိုလှုံလာခဲ့သည်။

#TachileikNewsAgency