ကမ္ဘာ့ဝယ်ယူရအခက်ဆုံး ချောက်ကမ်းပါးနံရံမှ စတိုးဆိုင်

ကမ္ဘာ့ဝယ်ယူရအခက်ဆုံး ချောက်ကမ်းပါးနံရံမှ စတိုးဆိုင်
အောက်တိုဘာ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Shiniuzhai သဘာဝဥယျာဥ် ဧရိယာအတွင်း ဖွင့်လှစ်ထားသည့် စတိုးဆိုင်မှာ ကမ္ဘာ့ဝယ်ယူရ အခက်ဆုံး စတိုးဆိုင်ဟု ဆိုသည်။ 

ချောက်ကမ်းပါးနံရံတွင် သစ်သားတဲငယ်တစ်ခုဖြင့် ဖွင်လှစ်ထားသည့် ထိုစတိုင်းဆိုင်မှာ မြေပြင်အထက် (၃၉၃) ပေ အမြင့်တွင်ရှိနေသည်။

ချောက်ကမ်းပါးကို တွယ်တက်ကြသည့် တောင်တက်သမားများ လမ်းခုလတ်တွင် နားနေနိုင်ရန် သစ်သားတဲငယ်ကို တည်ဆောက်ထားရှိခဲ့ခြင်း ဖြစ်သည်။ 

သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုသစ်သားတဲငယ်ကို စတိုးဆိုင်အဖြစ် ပြောင်းလဲခဲ့ပြီး တောင်တက်သမားများအတွက် ရေ အခမဲ့ပေးသည်။ 

ထို့အတူ လမုန့်များ၊ ဆိုဒါနှင့် သစ်သီးဖျော်ရည်များ ရောင်းချပေးသည်။

ချောက်ကမ်းပါးနံရံတွင် တွယ်ကပ်ချိတ်ဆွဲထားသည့် ထိုစတိုးဆိုင်ကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း မကြာသေးမီက အွန်လိုင်းတွင် ဗီဒီယိုများ လွှင့်တင်ခဲ့ပြီးနောက် လူသိများလာခဲ့သည်။ 

ဆောင်းဦးပေါက်ပွဲတော် ကာလနှင့် တရုတ်အမျိုးသားနေ့ အားလပ်ရပ်များအတွင်း စတိုးဆိုင်က ခရီးသွားများကို ဝန်ဆောင်မှုပေးသည်ဟု ဆိုသည်။

 

Source: Oddity Central, Siasat Daily

Photo: Oddity Centra