ထားဝယ်တွင် အကျဥ်းထောင်ဝန်ထမ်းနှစ်ဦး သတ်ခံရကာ အကျဥ်းသား ၅ ဦးလွတ်မြောက်

ထားဝယ်တွင် အကျဥ်းထောင်ဝန်ထမ်းနှစ်ဦး သတ်ခံရကာ အကျဥ်းသား ၅ ဦးလွတ်မြောက်
အောက်တိုဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က အကျဥ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံခဲ့ရကာ အကျဥ်းသား(၅)ဦး လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်အကျဉ်းထောင်မှ ထောင်ဝန်ထမ်း(၂)ဦးနှင့်အတူ အကျဉ်းသား(၅)ဦးသည် ကားတစ်စီးဖြင့် ရာဘာထင်းများကို သယ်ဆောင်ရန်အတွက် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ရှိ ဇီးကျကျေးရွာသို့ သွားပြီးအပြန် မောင်မယ်ရှောင်ကျေးရွာအနီး ရေဝိုင်းလမ်းဆုံအနီးတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင်ဝန်ထမ်း (၂)ဦးမှာ အောင်ဘိုဘိုထွဋ်နှင့် လွင်ငြိမ်းဆိုသူတို့ဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရသေးပါ။

#TachileikNewsAgency