စကော့တလန်နိုင်ငံတွင် မူလတန်းကျောင်းတက်ရန် အတွက် ကျောင်းအပ်နှံလာသည့် အမွှာကလေး (၁၇)တွဲ

စကော့တလန်နိုင်ငံတွင် မူလတန်းကျောင်းတက်ရန် အတွက် ကျောင်းအပ်နှံလာသည့် အမွှာကလေး (၁၇)တွဲ
စက်တင်ဘာ 20, 2023 | နိုင်ငံတကာသတင်း
By Mr John

 စကော့တလန်နိုင်ငံ Inverclyde ကောင်စီနယ်မြေတွင် ကလေးငယ် အမွှာ (၁၇) တွဲ မူလတန်ကျောင်းစတက်ရန် စာရင်းပေးသွင်းထားသည်ဟု ဆိုသည်။ 

ယခုနှစ်တွင် အမွှာကလေး အများဆုံး ကျောင်းတက်ရန် စာရင်းပေးသွင်း အပ်နှံမှုသည် ဒုတိယ အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း သိရသည်။ 

အဆိုပါ နယ်မြေတွင် အမွှာကလေး မွေးဖွားမှုနှုန်း မြင့်မားသောကြောင့် 'Twinverclyde' ဟု အမည်ပေးထားပြီး ၂၀၁၅ ခုနှစ်တွင် အမွှာကလေး (၁၉) တွဲ ကျောင်းစတက်ခဲ့ကြပြီး အများဆုံး စံချိန်တင်ခဲ့သည်။

Iverclyde နယ်မြေတွင် ကျောင်းစတက်ရန် စာရင်းပေးသွင်းထားသည့် အမွှာကလေး (၁၇) တွဲအနက် (၁၅) တွဲမှာ Greenock မြို့လေးရှိ St Patrick's Primary မူလတန်ကျောင်းနှင့် ကျန် (၂) တွဲက Ardgowan မူလတန်ကျောင်းတွင် ဖြစ်သည်။ 

St Patrick's မူလတန်းကျောင်းက ကျောင်းဖွင့်ရက်မတိုင်မီ အမွှာကလေးများကို ကျောင်းဝတ်စုံဖြင့် စုပေါင်းဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သည်။

၂၀၁၃ ခုနှစ်မှစ၍ Inverclyde နယ်မြေရှိ ကျောင်းများတွင် စုစုပေါင်း အမွှာကလေး (၁၄၇) တွဲ ကျောင်းအပ်နှံခဲ့ကြပြီး ယခု ၂၀၂၃ ခုနှစ်အထိ ပျမ်းမျှ တစ်နှစ်လျှင် အမွှာကလေး (၁၃) တွဲ ကျောင်းအပ်နှံမှုလည်း ဖြစ်သည်။ 

Inverclyde နယ်မြေတွင် နှစ်စဥ်  အမွှာကလေးများ မူလတန်းကျောင်းအပ်နှံမှုမှာ အစဥ်အလာတစ်ခုပမာ ဖြစ်လာကြောင်း St Patrick's မူလတန်းကျောင်း လက်ထောက်ကျောင်းအုပ် Graeme Brooks က ဆိုသည်။

 

Source: Metro

Photo: PA, Jeff J Mitchell/Getty Images,