ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီတပ် တပ်မ(၃၃)လက်အောက်ခံ ပုသိမ်ကြီးအခြေစိုက် ခလရ(၁၁၉)တပ်ရင်း တပ်ဖွဲ့များ နေရာယူတပ်စခန်းချထားသော ကန့်ဆဲဘွမ်တပ်စခန်း(ကသိုင်းတောင် တပ်စခန်း)အား KIAတပ်မဟာ(၉)၊ အမှတ်(၆)တပ်ရင်း တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက်ငယ်၊ လက်နက်ကြီး၊ ခဲယမ်း၊ ကျည်၊ ရိက္ခာများကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား(၃)ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများကာ စခန်းစွန့်ထွက်ပြေး၍ တိုက်ပွဲဖြစ်ပွားရာနေရာများကို ဖားကန့်ဗျူဟာကုန်း၊ ဆန်းကြွယ်နှင့် ဆိုင်းတောင်ရှိ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု သိရသည်။
#TachileikNewsAgency
Photo:ကသိုင်းတောင် တပ်စခန်း