ချစ်သူ၏ အနမ်းကြောင့် နားစည် ပေါက်သွားခဲ့သည့် တရုတ်အမျိုးသမီး

ချစ်သူ၏ အနမ်းကြောင့် နားစည် ပေါက်သွားခဲ့သည့် တရုတ်အမျိုးသမီး
ဇူလိုင် 22, 2023 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦး ချစ်သူ အမျိုးသားက သူမ၏ နားကို နမ်းရာမှ နားစည်ပေါက်သွားခဲ့သည်ဟု ဆိုသည်။ 

ချစ်စိတ်ပြင်းပြနေကြစဥ် ချစ်သူက သူမ၏ နားကို စုပ်ယူနမ်းရာမှ မတော်တဆ စုပ်ယူမှု ဖိအားများသွားမှုကြောင့် နားစည်ပေါက်သွားခဲ့ခြင်း ဖြစ်သည်။

တရုတ်မီဒီယာတွင် ဖော်ပြမှုအရ Guangdong ပြည်နယ် Huizhou မြို့တွင် နေထိုင်သူ အမျိုးသမီးမှာ Huizhou First ပြည်သူ့ဆေးရုံ၏ နား၊ နှာခေါင်းနှင့် လည်ချောင်းဌာနသို့ လာရောက်ပြသခဲ့ကြောင်း သိရသည်။

သူမ၏ ဘယ်ဖက်နားမှာ အနည်းငယ် နာနေပြီး အသံများကို မကြားရကြောင်း ထိုအမျိုးသမီးက ပြောခဲ့သည်။ 

တာဝန်ကျ ဆရာဝန်၏ စစ်ဆေးမှုအရ အဆိုပါ အမျိုးသမီး၏ နားစည်ပေါ်တွင် ခြောက်သွေ့နေသည့် သွေးများရှိနေပြီး အသေးစိတ် စစ်ဆေးခဲ့ရာ နားစည်ပေါက်နေသည်ကို တွေခဲ့ရသည်။ 

ထိုအမျိုးသမီး၏ ကျန်းမာရေးမှတ်တမ်းတွင်မူ နားနှင့်ပတ်သက်၍ မည်သည့် ပြဿနာမျှ ယခင်က မရှိခဲ့ဖူးဟု ဆိုသည်။

ထိုကြောင့် ဆရာဝန်က နားစည်ပေါက်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် မေးမြန်းခဲ့ရာ ချစ်သူနှင့်အတူ ချစ်စိတ်ပြင်းပြနေစဥ် ချစ်သူက သူမ၏ နားကို မတော်တဆ စုပ်ယူနမ်းခဲ့သည့်ဖြစ်ရပ် ရှိခဲ့ဖူးကြောင်း အမျိုးသမီးက ဆိုသည်။ 

"သူ ကျွန်မရဲ့နားကို နမ်းတဲ့အချိန် သူက နားကို အရမ်းစုပ်ယူခဲ့ပြီး နားထဲမှာ 'ဖောက်' ဆိုတဲ့ အသံမျိုး ထွက်ခဲ့တယ်။ အဲဒီနောက် ကျွန်မရဲ့ ဘယ်ဖက်နားက မကြားရတော့ဘူး။ ကျွန်မ တုန်လှုပ်ချောက်ချားသွားခဲ့ရတယ်" ဟု အမျိုးသမီးက ဆရာဝန်ကို ပြောခဲ့သည်။

နားစည်များမှာ ပေါက်ကွဲမှုများနှင့် အလွန်ကျယ်လောင်သည့် ဆူညံ့သံများကြောင့် ပြင်ပ လေထုဖိအား ရုတ်တရက် အပြောင်းအလဲဖြစ်ချိန်တွင် ပေါက်လွယ်ကြောင်း ဆရာဝန်က ရှင်းပြသည်။

 

Source: OddityCentral