ကနေဒါနိုင်ငံတွင် သက်ကြီးရွယ်အိုများ လိုက်ပါလာသည့် ဘတ်စ်ကားကို ကုန်တင်ကားက ဝင်တိုက်မှုကြောင့် အနည်းဆုံး (၁၅) ဦး သေဆုံး

ကနေဒါနိုင်ငံတွင် သက်ကြီးရွယ်အိုများ လိုက်ပါလာသည့် ဘတ်စ်ကားကို ကုန်တင်ကားက ဝင်တိုက်မှုကြောင့် အနည်းဆုံး (၁၅) ဦး သေဆုံး
By Mr John

ကနေဒါနိုင်ငံ Manitoba ပြည်နယ်တွင် သက်ကြီးရွယ်အိုအများစု လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးကို ကုန်တင်ကားတစ်စီးက ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ (၁၅) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 



 Manitoba ပြည်နယ် အနောက်တောင်ပိုင်းရှိ Carberry မြို့အနီး အဓိက အမြန်လမ်းမကြီး (၂) ခု၏ လမ်းဆုံတွင် ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့က   ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များမှာ Carberry မြို့ရှိ ကာစီနိုရုံတစ်ခုသို့သွားကြခြင်း ဖြစ်ကြောင်း ကာစီနိုရုံ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး CBC News က ဖော်ပြသည်။

"ယာဥ်တိုက်မှုကြောင့် လူ (၁၅) ဦး သေဆုံးတယ်လို့ ကျနော်တို့ အတည်ပြုနိုင်ပါတယ်" ဟု Manitoba ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး ရော့ဘ်ဟေးလ်က ပြောသည်။ 

ဘတ်စ်ကားပေါ်တွင် လူ (၂၅) ဦး လိုက်ပါလာကြပြီး အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရသူ အခြား (၁၀) ဦးကို ဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။

ယာဥ်တိုက်မှုအတွင်း ယာဥ် (၂) စီးလုံး၏ ယာဥ်မောင်းများ အသက်ရှင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပြီး မည်သူ့အမှားကြောင့် ယာဥ်တိုက်မှုဖြစ်ရသည်ကိုမူ ပြောကြားရန် ငြင်းဆန်ခဲ့သည်။ 

Source: Reuters

Photo: PortageOnline/Mike Blume, Chelsea Kemp/CBC,