စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း COVID ကင်းစင်ပြီး ရက်ပိုင်းမျှအကြာတွင် နောက်တစ်ကြိမ် ကူးစက်မှု ပြန်တွေ့ရ

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း COVID ကင်းစင်ပြီး ရက်ပိုင်းမျှအကြာတွင် နောက်တစ်ကြိမ် ကူးစက်မှု ပြန်တွေ့ရ
By Mr John

 စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းထံတွင် COVID-19 ကူးစက်မှု ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၁) ရက်နေ့က နောက်တစ်ကြိမ်  စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ 

ဝန်ကြီးချုပ်လီရှန်လွန်းမှာ မေလ (၂၂) ရက်နေ့တွင် COVID ကူးစက်ခံရကြောင်း ပထမအကြိမ် စစ်ဆေးတွေ့ရှိခဲ့ထားခဲ့သည်။

ထို့နောက် မေလ (၂၉) ရက်နေ့တွင် COVID-19 ကင်းစင်သွားပြီဖြစ်ကြောင်း စစ်ဆေးမှုရလဒ် negative ထွက်ပေါ်ခဲ့ပြီဖြစ်ပြီး အလုပ်ပြန်လုပ်တော့မည်ဟု လီရှန်လွန်းက ပြောခဲ့သည်။ 

သို့သော် ဇွန်လ (၁) ရက်နေ့ စစ်ဆေးမှုအရ ၎င်းထံတွင် COVID ကူးစက်မှု ပြန်တွေ့ရကြောင်း စင်ကာပူဝန်ကြီးချုပ်က Facebook နှင့် Instagram တွင် အသိပေးထားသည်။

"ကျွန်တော်နေလို့ ကောင်းပါတယ်။ ဒါပေမဲ့ COVID-19 positive နောက်တစ်ကြိမ်ပြန်ဖြစ်တော့ စိုးရိမ်မိပါတယ်။ ကျွန်တော့် ဆရာဝန်တွေက ဒါဟာ COVID rebound လို့ ပြောပါတယ်။ ဒါမျိုးက ကူးစက်မှုတွေရဲ့ (၅) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းမှာ ဖြစ်တာလို့ဆိုတယ်" ဟု လီရှန်လွန်းက ပြောသည်။ 

ကနဦး ကူးစက်ခံရမှုနှင့် နှိုင်းယှဉ်လျှင် အန္တရာယ်မကြီးသော်လည်း ၎င်းထံတွင် ကူးစက်ခံထားရဆဲဖြစ်ကြောင်း အသက် (၇၁) နှစ်ရွယ် ဝန်ချုပ်ကြီးလီရှန်လွန်းက ဖြည့်စွက်ပြောခဲ့သည်။

 ART (antigen rapid test) ဖြင့် စစ်ဆေးမှုရလဒ် negative ထွက်သည်အထိ သီးခြားခွဲနေရန် ဆရာဝန်များက ပြောထားကြောင်းလည်း လီရှန်လွန်းက ဆိုသည်။

လီရှန်လွန်းမှာ တောင်အာဖရိကနှင့် ကင်ညာသို့ ခရီးစဉ်သွားရောက်ခဲ့ပြီးနောက်ပိုင်း မေလ (၂၂) ရက်နေ့တွင် COVID-19 ကူးစက်ခံရကြောင်း ပထမအကြိမ် စစ်ဆေးတွေ့ရှိခဲ့သည်။ 

ထို့နောက် မေလ (၂၉) ရက်‌နေ့တွင် စစ်ဆေးမှုအရ COVID-19 ကင်းစင်သွားပြီဖြစ်ကြောင်း negative ရလဒ် ထွက်ပေါ်ခဲ့သော်လည်း ဇွန်လ (၁) ရက်နေ့တွင်မူ ကူးစက်မှု နောက်တစ်ကြိမ်ပြန်တွေ့ရခြင်း ဖြစ်သည်။ 

COVID rebound ခေါ် COVID ပြန်ဖြစ်မှုကို ကနဦး ပြန်လည်နာလန်ထူ နေကောင်းလာပြီးနောက် (၂) ရက်နှင့် (၈) ရက်အတွင်း တွေ့ရတတ်ကြောင်းနှင့် ရောဂါလက္ခဏာများ ပြန်ပေါ်လာခြင်း သို့မဟုတ် စစ်ဆေးမှုရလဒ် negative ထွက်ပြီးနောက် ထပ်မံစစ်ဆေးရာတွင် positive ရလဒ်ထွက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်  တားဆီးကာကွယ်‌ရေးဌာန US Centers for Disease Control and Prevention (CDC) ထုတ်ပြန်ထားသည်။

 

Source: CNA