ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင် Election Commission (EC) က မဲဝယ်ခြင်း အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အကျင့်ပျက်ခြစားမှု သက်သေ အထောက်အထား ပေးနိုင်သူကို ဘတ် (၁) သန်းအထိ ဆုကြေးပေးအပ်သွားမည်ဟု ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်ရုံးက အွန်လိုင်းဝန်ဆောင်မှုအသစ်တစ်ခုကို ၎င်း၏ Ta Sapparot (pineapple eyes) မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ၂၀၂၃ခုနှစ် ဧပြီလ (၁၄) ရက်နေ့တွင် ကြေညာခဲ့သည်။
အများပြည်သူအနေဖြင့် ထိုအက်ပလီကေးရှင်းမှ တစ်ဆင့် မဲလိမ်ခြင်း၊ မဲဝယ်ခြင်း သို့မဟုတ် လက်ဆောင်ပေး၍ မဲထည့်ခိုင်းခြင်း အပါအဝင် ရွေးကောက်ပွဲ မသမာမှု အသေးစိတ်များကို အမည်ဖော်ပြစရာမလိုအပ်ဘဲ ပေးပို့နိုင်မည်ဖြစ်သည်။
Ta Sapparot (pineapple eyes) မိုဘိုင်းအက်ပလီကေးရှင်းကို Android နှင့် iOS မိုဘိုင်းဖုန်း (၂) မျိုးလုံးအတွက် ရရှိနိုင်ကြောင်း EC က ပြောသည်။
ထိုအက်ပလီကေးရှင်းအပြင် ရွေးကောက်ပွဲ မသမာမှုများကို တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကိုလည်း EC က စီစဥ်ပေးထားကြောင်း သိရသည်။
EC က ရွေးကောက်ပွဲ မသမာမှုအတွက် သတင်းပေးသူကို ၎င်းပေးပို့သည့် သက်သေအထောက်အထား၏ အရေးပါမှုအပေါ် အခြေခံ၍ အနည်းဆုံး ဘတ် (၁၀၀,၀၀၀) မှစ၍ ဆုကြေးငွေ ပေးအပ်သွားမည်ဖြစ်ပြီး ဘတ် (၁) သန်းအထိ ဆုကြေးငွေရရှိနိုင်သည်ဟု ဆိုသည်။
Source: Bangkok Post
Graphics: Bangkok Post