၂၀၂၃ ထိုင်းသင်္ကြန်ပွဲတော်ကာလ ခရီးသွားရက်များ၏ ပထမဆုံးရက်တွင် လူ (၂၇) ဦး သေဆုံးပြီး (၂၇၈) ဦး ဒဏ်ရာရ

၂၀၂၃ ထိုင်းသင်္ကြန်ပွဲတော်ကာလ ခရီးသွားရက်များ၏ ပထမဆုံးရက်တွင် လူ (၂၇) ဦး သေဆုံးပြီး (၂၇၈) ဦး ဒဏ်ရာရ
By Mr John

 

ထိုင်းနိုင်ငံ၏ သင်္ကြန်ပွဲတော် (ဆွန်ခရမ်ပွဲတော်) ကာလအတွင်း လူသေဆုံးမှုများသည့် ခရီးသွားရက် (၇) ရက်၏ ပထမဆုံးရက်ဖြစ်သော ဧပြီလ (၁၁) ရက်နေ့တွင် ယာဥ်တိုက်မှုများကြောင့် လူ (၂၇) ဦး သေဆုံးပြီး (၂၇၈) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။



ထိုင်းနိုင်ငံတဝန်း ၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် ယာဥ်မတော်တဆမှုများနှင့် ပတ်သက်၍ အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် Chotnarin Kerdsom က ဧပြီလ (၁၂) ရက်နေ့တွင် လမ်းအန္တရာယ်ကင်းရှင်းရေးစင်တာ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။



ဆွန်ခရမ်ပွဲတော်ကာလအတွင်း ဧပြီလ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ခရီးသွားလာမှု များပြားပြီး ထို (၇) ရက်ကို လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုရက်များအဖြစ်၏ သတ်မှတ်ဆောင်ရွက်နေရာ ပထမဆုံးရက်တွင် ယာဥ်မတော်တဆမှု စုစုပေါင်း (၂၇၈) ခု ဖြစ်ပွားခဲ့ရာ လူ (၂၇) ဦး သေဆုံးပြီး (၂၇၈)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Chotnarin က ပြောသည်။



အရှိန်လွန်မောင်းနှင်ခြင်းမှာ ယာဥ်မတော်တဆမှု ဖြစ်ပွားရသည့် အကြီးမားဆုံး အကြောင်းရင်းဖြစ်ပြီး (၃၅) ရာခိုင်းနှုန်းဖြစ်ကြောင်းနှင့် (၂၅) ရာခိုင်နှုန်းမှာ အခြား ယာဥ်များရှေ့တွင် ဖြတ်ဝင်ခြင်းကြောင့်ဟု ဆိုသည်။



ယာဥ်မတော်တဆမှု အများစုတွင် မော်တော်ဆိုင်ကယ်များ ပါဝင်နေပြီး (၇၉) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ယာဥ်မတော်တဆမှု (၈၇) ရာခိုင်နှုန်းမှာ အဓိက လမ်းမကြီးများပေါ်တွင် ဖြစ်ပွားခဲ့ပြီး (၄၈) ရာခိုင်နှုန်းမှာ အမြန်လမ်းများပေါ်တွင် ဖြစ်ကြောင်း သိရသည်။



Pathum Thani ၊ Phetchabun နှင့် Loei ပြည်နယ်များတွင် ယာဥ်မတော်တဆမှုကြောင့် လူ (၂)ဦး စီ သေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်။



Phatthalung ပြည်နယ်တွင်မူ ယာဥ်မတော်ဆမှု (၁၄) ခုဖြစ်ပွားခဲ့ရာ အများဆုံးဖြစ်ကြောင်းနှင့် ဒဏ်ရာရသူလည်း အများဆုံးဖြစ်ပြီး (၁၈) ဦးရှိခဲ့သည်။



ဆွန်ခရမ်ပွဲတော် အားလပ်ရက်အတွင်း ၎င်းတို့၏ မွေးရပ်မြေသို့ပြန်ရန် ဘန်ကောက်မှ လူအများအပြား ထွက်ခွာလာကြရာ ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေခဲ့ကြောင်း ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဌာန အကြီးအကဲ Boontham Lertsukheekasem က ပြောသည်။ ယာဥ်မောင်းများအနေဖြင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများကို အတိအကျ လိုက်နာကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

 

Source: Bangkok Post