တာချီလိတ်မြို့နှင့် အနီးဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ပြုလုပ်ထားသည့် ကီလိုမိုင်တိုင် အမှတ်အသားတစ်ခုကို အရက်မူးနေသူ တစ်ဦးက ဖျက်ဆီးသွားရာ CCTV မှတ်တမ်းအရ မယ်ဆိုင်ရဲတပ်ဖွဲ့က အမြန်ဆုံး ဖမ်းဆီးရမိပြီး စစ်ဆေးနေကြောင်း သိရသည်။
၂၀၂၃ခုနှစ် မတ်လ(၁၆)ရက်နေ့ နှင့် (၁၇)ရက်နေ့အကူးပိုင်းအချိန်က ဖျက်ဆီးသွားခြင်းဖြစ်ရာ ၎င်းအား ဖမ်းဆီးရမိပြီးနောက် မယ်ဆိုင်ရဲစခန်းတွင် ထားရှိကြောင်း သိရသည်။
၎င်းအနေဖြင့် ယခုလို နေရာကို မည်သည့်အကြောင်းကြောင့် ဖျက်ဆီးခြင်းကို သိနိုင်ရန်အတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား ပြန်လည်ဖွင့်လှစ်ပါက ခရီးသွားများအတွက် အမှတ်တရ ပုံများရိုက်ခြင်းဖြင့် ဆွဲဆောင်မှုရှိနိုင်ရန် အများအပြားပြင်ဆင်ထားရှိရာတွင် ယခု ဖျက်ဆီးခံရသည့် ကီလိုမိုင်တိုင် အမှတ်အသားတစ်ခုလည်း အပါအဝင်ဖြစ်သည်။
Photo: ส่องเชียงราย , ชัยยนต์ ศรีสมุทร