ထိုင်းနိုင်ငံတွင် လာမည့် ရက်အနည်းငယ်အတွင်း ဘန်ကောက်အပါအဝင် ပြည်နယ် (၄၂) ခု၌ နွေရာသီမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက ၂၀၂၃ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
တရုတ်ဘက်မှ အသင့်အတင့်ရှိ လေဖိအားများမှုက ထိုင်းနိုင်ငံ အထက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ပြင်တွင် ပိုမိုအားကောင်းလာပြီး နိုင်ငံအထက်ပိုင်းတွင် ပူပြင်းသော ရာသီဥတုအခြေအနေ ဆက်လက်ဖြစ်ပေါ်နေသည်။
အနောက်ဘက်မှ လေတိုက်ခတ်မှုက မြောက်ဘက်သို့ ရွေ့လျားလာမည်ဟု ဆိုသည်။
ထိုအခြေအနေများနှင့်အတူ ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင် အပါအဝင် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်များတွင် မတ်လ (၁၂) ရက်မှ (၁၄) ရက်အထိ နွေရာသီမုန်တိုင်းများ၊ မိုးသက်မုန်တိုင်းများ၊ လေပြင်းတိုက်ခတ်မှုများနှင့် မိုးသီးကြွေမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
မတ်လ (၁၂) ရက်နေ့တွင် ထိုင်းမြောက်ပိုင်းရှိ ပြည်နယ် (၇) ခု (ချင်းရိုင်း၊ လန်းပန်း၊ ဖယောင်း၊ နမ့်၊ ဥတ္တရဒစ်၊ ဖလဲ၊ ဖစ်ချဘွန် ) နှင့် အရှေ့မြောက်ပိုင်းရှိ ပြည်နယ် (၅) ခု (နောင်ဘွန်လန်ဖွန်, လေ(လ်), နောင်ခိုင်, ဘွန်ကန်၊ ဥဒွန်ထနီ) အတွင်း နွေရာသီမုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။
မတ်လ (၁၂) ရက်နေ့တွင် ထိုင်းမြောက်ပိုင်းရှိ ပြည်နယ် (၇) ခု (Chiang Rai, Lampang, Phayao, Nan, Phrae, Uttaradit နှင့် Phetchabun) နှင့် အရှေ့မြောက်ပိုင်းရှိ ပြည်နယ် (၅) ခု (Loei, Nong Khai, Bueng Kan, Nong Bua Lam Phu နှင့် Udon Thani) အတွင်း နွေရာသီမုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။
မတ်လ (၁၃) ရက်နေ့တွင် ထိုင်းမြောက်ပိုင်းရှိ ပြည်နယ် (၁၅) ခု (Mae Hong Son, Chiang Mai, Chiang Rai, Lamphun, Lampang, Phayao, Nan, Phrae, Uttaradit, Tak, Sukhothai, Kamphaeng Phet, Phichit, Phitsanulok နှင့် Phetchabun)၊ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် (၉) ခု (Loei, Nong Khai, Bueng Kan, Nong Bua Lam Phu, Udon Thani, Sakon Nakhon, Chaiyaphum, Khon Kaen နှင့် Nakhon Ratchasima)၊ အလယ်ပိုင်းလွင်ပြင်ရှိ ပြည်နယ် (၄) ခု (Nakhon Sawan, Lop Buri, Saraburi နှင့် Ayutthaya)၊ ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင် ပြည်နယ်များနှင့် အရှေ့ပိုင်းပြည်နယ် (၈) ခုလုံး (Nakhon Nayok, Prachin Buri, Sa Kaeo, Chachoengsao, Chon Buri, Rayong, Chanthaburi နှင့် Trat) တို့၌ နွေရာသီမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။
မတ်လ (၁၄) ရက်နေ့တွင် အရှေ့ပိုင်းရှိ ပြည်နယ် (၈) ခုလုံးတွင် နွေရာသီမုန်တိုင်း သက်ရောက်မှုရှိလိမ့်မည်ဟု ဆိုသည်။
အများပြည်သူအနေဖြင့် သစ်ပင်ကြီးများ၊ ကြီးများသည့် ကြော်ငြာဆိုင်းဘုတ်များနှင့် စိတ်မချရသည့် အဆောက်အအုံများနှင့် ဝေးရာတွင် နေကြရန် အကြံပြုထားသည်။
ထိုရက်များအတွင်း သီးနှံများ အပျက်အစီးမဖြစ်စေရ ကြိုတင်ပြင်ဆင်ကြရန် လယ်သမားများကို ပြောထားသည်။ အများပြည်သူအနေဖြင့် မိုးလေဝသသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
Source: Bangkok Post