အမေရိကန်ပြည်ထောင်စု နယူးရော့ခ်မြို့ရှိ Columbia University မှ ကျောင်းသား ကျောင်းသူများနှင့် ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းက တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုကို School of International and Public Affairs (SIPA) စီစဉ်မှုဖြင့် Columbia Law School ရှိ William and June Warren Hall တွင် ဖေဖော်ဝါရီလ(၁၅)ရက်နေ့၏ ဒေသစံတော်ချိန် ညနေ(၃)နာရီကနေ ညနေ(၄)နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သံအမတ်ကြီးနှင့် ကျောင်းသားများတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်များက တရားမဝင် အာဏာသိမ်းမှူဖြစ်စဉ် နှင့် ပတ်သက်၍ ဝေမျှပြောကြားပြီး မြန်မာနိုင်ငံ၏ အနာဂတ်အခြေအနေများကို သုံးသပ်ပြောကြားကြောင်း သိရသည်။
ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ပြောဆို ဆွေးနွေးမှုများအပြီးတွင် ကျောင်းသား ကျောင်းသူများက မေးခွန်းများ မေးမြန်းခဲ့ကြကြောင်း သိရသည်။
#TachileikNewsAgency
Photo: KS Latt ( Kyaw Soe Latt Photography )