ရန်ကုန် ဆိပ်ကမ်းသာလမ်း ကမ္ဘောဇဘဏ်ဓားပြတိုက်သူကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး

Photo: CJ
Photo: CJ
ရန်ကုန် ဆိပ်ကမ်းသာလမ်း ကမ္ဘောဇဘဏ်ဓားပြတိုက်သူကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး
By Tachileik News Agency

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းထောင့် ဆိပ်ကမ်းသာလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်အား  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊ နေ့လည်ပိုင်းက ဓါးပြဝင်တိုက်သည်ကို အနီးဝန်းကျင်ရှိသူများက ဝိုင်းဝန်းဖမ်းဆီးပေးသဖြင့် ဓါးပြတိုက်သူကို ဖမ်းမိသွားကြောင်း သိရသည်။

ဘဏ်အတွင်းသို့ အမျိုးသားတစ်ဦးဝင်လာပြီး သေနတ်နှင့် ဓားမြှောင်ပြကာ ငွေကျပ်သိန်း (၁၉၀) ဝန်းကျင်အားယူ၍ ထွက်ပြေးသွားရာ အနီးဝန်းကျင်တွင်ရှိနေသူများနှင့် ဘဏ်လုံခြုံရေးဝန်ထမ်းတို့က လိုက်လံဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ကရောက်လာပြီး အများပြည်သူဝိုင်းဖမ်းပေးထားသည့် အမျိုးသားအား ခေါ်ဆောင်သွားကြောင်း သိရသည်။

ယခုဓားပြတိုက်ခံရသည့်ဘဏ်မှာ  အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့်နေရာအနီးတွင် ရှိနေခြင်းဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘဏ်ဓါးပြတိုက်ခံရမှုအများအပြားဖြစ်ပွားခဲ့ပြီး ခိုးမှု၊ ဓါးပြတိုက်မှုများလည်း အာဏာမသိမ်းမီကာလထက် ဖြစ်ပွားမှုတိုးလာသည်ကို တွေ့ရသည်။