အမျိုးသမီးတစ်ဦီးပါသည့် တရုတ်အာကာသယာဉ်မှူးများ အာကာသစခန်းသစ်တွင် ၆ လကြာနေထိုင်ပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ

အမျိုးသမီးတစ်ဦီးပါသည့် တရုတ်အာကာသယာဉ်မှူးများ အာကာသစခန်းသစ်တွင် ၆ လကြာနေထိုင်ပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ
ဒီဇင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ၏ အာကာသစခန်းတည်ဆောက်ရေးတွင် (၆) လကြာ လုပ်ငန်းဆောင်ရွက်ခဲ့ကြသည့် တရုတ်အာကာသယာဥ်မှူး (၃) ဦးသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့ ညပိုင်းတွင် ကမ္ဘာမြေပြင်သို့ ပြန်လည် ရောက်ရှိလာကြပြီဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီက ကြေညာသည်။

 အဆိုပါ တရုတ်အာကာသယာဥ်မှူး (၃) ဦးသည် ယခုနှစ် ဇွန်လ (၅) ရက်နေ့တွင် Tiangong အာကာသစခန်းသစ် တည်ဆောက်မှု နောက်ဆုံးအဆင့်ကို ကြီးကြပ်ဆောင်ရွက်ရန် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ အာကာသစခန်းသစ် Tiangong တည်ဆောက်ရေးလုပ်ငန်းမှာ နိုဝင်ဘာလအတွင်း ပြီးစီးခဲ့ပြီဖြစ်၍ အာကာသစခန်းမှထွက်ခွာလာသည့်  Shenzhou-14 အာကာသယာဥ်သည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတွင်းမွန်ဂိုလီးယားနယ်မြေတွင် ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီး အာကာသယာဥ်မှူးတစ်ဦး ပါဝင်သည့် အာကာသယာဥ်မှူး (၃) ဦးအဖွဲ့သည် အာကာသစခန်းမှ ထွက်ခွာလာပြီးနောက် (၉) နာရီအကြာ ဒီဇင်ဘာလ (၄) ရက် ဒေသစံတော်ချိန် ည (၈) နာရီကျော်တွင် ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့နေရာတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် နိုဝင်ဘာလ (၂၉) ရက်နေ့က နောက်ထပ် အာကာသယာဥ်မှူး (၃) ဦးပါ အဖွဲ့တစ်ဖွဲ့က Shenzhou-15 အာကာသယာဥ်ဖြင့် အာကာသစခန်းသို့ ရောက်ရှိနေခဲ့ကြဟုလည်း သိရသည်။

အဆိုပါအာကာသခရီးစဥ်မှာ အာကာသစခန်းသစ် တည်ဆောက်ရန် လိုအပ်သည့် ခရီးစဥ် (၁၁) ခုအနက် နောက်ဆုံးဖြစ်ကြောင်း သိရပြီး လာမည့် ဇန်နဝါရီလ အစောပိုင်းတွင် ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ 

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုပြီးလျှင် အာကာသစခန်းတည်ဆောက်သည့် တတိယနိုင်ငံဖြစ်လာသည်။

Source: BBC

Photo: China Space Agency