ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံနှင့် မိုင်းဖြတ်အကြားတွင် ရစ်ချ်စတာစကေး (၅.၄)အဆင့်ရှိ ငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်သွား၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အထိ အဖျားခတ်သွားသည်ဟု ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်နေ့အကူး နံနက်(၁)နာရီ (၂၄)မိနစ် (၄၂)စက္ကန့်အချိန်က ရစ်ချ်စတာစကေး(၅.၄)အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခြင်း ဖြစ်သည်။
ရစ်ချ်စတာစကေး (၅.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်မှုသည် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာလေ၊ တာချီလိတ် အပြင် တာချီလိတ်နှင့်အတူ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အထိပါ သိသာစေခဲ့ကြောင့် ဒေသခံများထံက သိရသည်။
ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ငလျင်သည် ကျိုင်းတုံနှင့်မိုင်းဖြတ်အကြား ဗဟိုပြုပြီး လှုပ်ခတ်ခြင်းကြောင့် အနီးအနားရှိ မြို့များအထိ သိသိသာသာ အဖျားခတ်သွားစေခြင်း ဖြစ်ကြောင်း သိရသည်။
ဇွန်လ(၃၀)ရက်နေ့ မတိုင်မီ ဇွန်လ(၂၉)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ် (၂၃)စက္ကန့်အချိန်ကလည်း ရစ်ချ်စတာစကေး(၃.၀)အဆင့်ရှိ ငလျင်တစ်ခုလည်း မိုင်းပျဉ်းမြို့အကျော်တွင် လှုပ်ခတ်သေးသည်။
#TachileikNewsAgency