မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် - မုံရွာလမ်း မဲဇလီတံတားတွင် PDF များလိုက်ပါလာသည့် ဖောကားတစ်စီး ယနေ့ ဇွန်လ(၂၂)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး PDF(၁၂)ဦး ကျဆုံးကာ (၃)ဦး ဖမ်းဆီးခံရသည့် သတင်းမှာ မှန်ကန်ကြောင်း ပွင့်ဖြူ PDF ထံမှ သိရသည်။
PDF များ လိုက်ပါသည့် ကားကို အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ဆေးစဉ် စစ်ကောင်စီတပ်ဘက်က RPG နှစ်လုံးဖြင့် ပစ်ခတ်ခြင်းကြောင့် ယာဉ်မှာ ပေါက်ကွဲပျက် စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုနောက် ကားပေါ်ပါ PDF (၁၂)ဦးကျဆုံးကာ၊ (၃)ဦး အရှင်ဖမ်း မိသော်လည်း (၂)ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရ သည့်ဒဏ်ရာများရရှိထားကြောင်း သိရသည်။
ထိုအပြင် ပါရှိသည့် လက်နက်(၂၅)လက်တွင် (၁၉) လက်ပျက်စီးသွားပြီး (၆)လက်ကို သိမ်းဆည်းရမိသွားကြောင်း သိရသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်များ အများအပြားရောက်ရှိနေပြီး အစစ်အဆေးများစွာရှိနေကြောင်း သိရသည်။