Click2donate မှ တစ်နှစ်အတွင်း ကျပ်သိန်း(၃၇,၀၀၀)ကျော်ကို တော်လှန်ရေးအဖွဲ့အစည်းများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ဇွန်လ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
"ကျွန်တော်တို့ click2doante ဟာ စတင်ခဲ့တဲ့ နေ့ကနေစလို့ ယခုအချိန်အထိ စုစုပေါင်း သိန်းပေါင်း သုံးသောင်းခုနှစ်ထောင်ကျော် ပေးပို့နိုင်ခဲ့ပါတယ်ခင်ဗျာ။"ဟု ထုတ်ပြန်ထားသည်။
၂၀၂၁ အောက်တိုဘာလ အစောပိုင်းအထိ ကျပ်သိန်း(၁,၅၀၀) ကျော်ရရှိခဲ့ကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကျပ်သိန်း (၁,၂၀၀) ကျော်၊ နိုဝင်ဘာလတွင် ကျပ်သိန်း(၃,၅၀၀)ကျော်နှင့် ဒီဇင်ဘာလတွင် ကျပ်သိန်း(၉,၀၀၀)ကျော် ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအသုတ်အဖြစ် တော်လှန်ရေးအဖွဲ,ပေါင်း(၂၈)ဖွဲ,ထံကို ကျပ်သိန်း(၂,၇၀၀)ကျော်၊ ဒုတိယအသုတ်အဖြစ် တော်လှန်ရေးအဖွဲ(၇)ဖွဲ့ထံ ကျပ်သိန်း(၁,၄၀၀)ကျော် ပံ့ပိုးနိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလတွင် အဖွဲ့ပေါင်း(၃၇)ဖွဲ့ထံ ကျပ်သိန်း(၂,၉၀၀)၊ မတ်လတွင် အဖွဲ့ပေါင်း(၆၆)ဖွဲ့ထံ ကျပ်သိန်း(၇၁၀၀)ကျော်၊ ဧပြီလတွင် NUG MOD ကနေတဆင့် ကျပ်သိန်း(၂၀,၀၀၀) ပေးပို့ခဲ့ခြင်း အပါအဝင် အဖွဲ့ပေါင်း(၂၅)ဖွဲ့အတွက် စုစုပေါင်း ကျပ်သိန်း (၄,၇၀၀)ကျော် ပံ့ပိုးခဲ့ကြောင်း သိရသည်။
မေလတွင် အဖွဲ့ပေါင်း(၃၅)ဖွဲ့ထံ ကျပ်သိန်း(၃,၄၀၀)ကျော်ကို ပေးပို့နေကြောင်း သိရသည်။
ဒါ့အပြင် People Of Evolving Myanmar(POEM)၊ We Love Motherland(korea) အဖွဲ့တို့နှင့်ပေါင်း၍ လုပ်ဆောင်ခဲ့သည့် ပရောဂျက်မှ ကျပ်သိန်း(၈,၀၀၀)ထောင်ကျော်ရရှိခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို ကျပ်သိန်း (၅,၀၀၀)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ ကျပ်သိန်း(၃,၀၀၀)ကျော်နှင့် ပိုငွေသိန်းရာဂဏန်းကိုတော့ FFD DRONE အဖွဲ,ထံ ပေးပို့ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ဒါ့အပြင် DRAGONFLY ပရောဂျက်မှ အမေရိကန်ဒေါ်လာ ၂.၂ မီလီယံ (မြန်မာငွေ သိန်း ၄၄,၀၀၀ ကျော်ကို ရှာဖွေပေးနိုင်ခဲ့ပြီး အားလုံးစုစုပေါင်း ထောက်ပံ့ငွေမှာ ကျပ်သိန်း(၉)သောင်းဝန်းကျင် ဖြစ်ကြောင်း သိရသည်။