ထိုင်းနိုင်ငံတွင် လူသတ်မှုသံသယဖြင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ကျော်နှင့် ထိုင်းလူမျိုးနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

Photo: Assawin Pakkawan
Photo: Assawin Pakkawan
ထိုင်းနိုင်ငံတွင် လူသတ်မှုသံသယဖြင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ကျော်နှင့် ထိုင်းလူမျိုးနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ
By Mr John

ထိုင်းနိုင်ငံ ဟတ်ယိုင်ခရိုင်အတွင်း ၂၀၂၂ ခုနှစ် ဇွန်လ (၁) ရက်နေ့က သတ်ပြီးအမြုပ်ခံထားရသည့် အမျိုးသားအလောင်းတွေ့ရပြီးနောက် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၆၈) ဦးနှင့် ထိုင်းလူမျိုး (၂) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

ဂေါက်ကွင်းတစ်ခုဘေးတွင် ခြေလက်များကြိုးတုပ်ပြီး ပါးစပ်ကို ပိတ်ဆို့ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်း မြှုပ်နှံထားသည်ကို ‌တွေ့ရပြီးနောက် အနီးဝန်းကျင် တောအုပ်တစ်ခုတွင် မလေးရှားဘက် ခိုးဝင်ရန် ပုန်းအောင်းစောင့်ဆိုင်းနေသည့် မြန်မာ (၁၉)ဦးအဖွဲ့ကို တွေ့ရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အလားတူ သစ်တောအတွင်း ပုန်းအောင်းနေသည့် တရားမဝင် မြန်မာလုပ်သား (၄၉)ဦးအဖွဲ့ကိုပါ ထပ်မံတွေ့ရသဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

 Assawin Pakkawan

အလောင်းကို ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် တိုက်ခိုက်ထားသည့် လက္ခဏာများတွေ့ရသည့်ပြီး အလောင်းမြုပ်ထားရာမှ မီတာ ၃၀၀ ဝန်းကျင်အကွာရှိ ရေအိုင်ထဲတွင် သေဆုံးသူ၏ ဆိုင်ကယ်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်းကျင်တဝိုက်ရှိ စောင့်ကြည့်ကင်မရာမှတ်တမ်းများကို စစ်ဆေး‌ပြီး ဇွန်လ (၁)ရက်နေ့ ညပိုင်းတွင် သံသယရှိသည့် ပစ်ကပ်ကားတစ်စီးနောက် ရဲကလိုက်စဉ် အဆိုပါကားမှာ မောင်းပြေးရင်း လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ကားဖြင့် လိုက်ပါလာသည့် အဆိုပါ  တရားမဝင် မြန်မာ (၁၉)ဦးမှာ သစ်တောတွင်းပုန်းအောင်းနေသည်ကို တွေ့ရသဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း နှင့် ထိုင်းယာဉ်မောင်းနှင့် အဖေါ်ဖြစ်သူတို့ကိုပါ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

လူသတ်မှုအတွက် သံသယဖြစ်ဖွယ်များကို စုံစမ်းရှာဖွေနေစဉ် ဟတ်ယိုင်ခရိုင်အတွင်း သစ်တောတစ်ခုတွင် ပုန်း‌အောင်းနေသည့် တရားမဝင် မြန်မာလုပ်သား (၄၉)ဦးအဖွဲ့ကို ထပ်မံတွေ့ရသဖြင့် ထပ်မံဖမ်းဆီး စစ်ဆေးနေသည်ဟု သိရသည်။

Source: Bangkok Post