NUG ၏  မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)တို့ တွေ့ဆုံ

NUG ၏  မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)တို့ တွေ့ဆုံ
မေ 16, 2022

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏  မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)တို့ ယနေ့မေလ(၁၆)ရက်နေ့တွင် တွေ့ဆုံကြောင်း NUG က  ထုတ်ပြန်လာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ တို့အကြားတွင် ယနေ့ မေလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် (၂)နာရီအကြာ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်ဟုဆိုသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။