ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ လက်ရုံးတပ်တစ်ခုမှ စစ်အင်ဂျင်နီယာကျောင်း DSTA ဆင်း ဗိုလ်တစ်ဦး CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့မေလ(၁၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။
၎င်းသည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်၍ ဧပြီလ(၂၄)ရက်နေ့က လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လကတည်းက CDM ပြုလုပ်ခဲ့ကာ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေခဲ့သူဖြစ်ကြောင်း သိရသည်။
"ပြည်သူကကျွေးသော ထမင်းကိုစား၊ ပညာတွေသင်ပြီး အဓိက တာဝန်ဖြစ်တဲ့ ပြည်သူကိုကာကွယ်စောင့်ရှောက်ရမယ့်အစား ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်နေတာတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပြည်သူပေးတဲ့ လက်နက်ကိုင်ပြီး ဖျက်ဆီးနေသော ကိုယ်ကျိုးရှာအာဏာရှင်တွေရဲ့လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် CDM ပြုလုပ်ခဲ့ပါတယ်။”ဟု ၎င်းက ပြောသည်။
လက်ရှိရောက်ရှိနေသည့် လွတ်မြောက်နယ်မြေ၌ တော်လှန်ရေးအဖွဲ့များနှင့်အတူ လက်တွဲဆောင်ရွက်နေပြီး ပြည်သူနှင့် လက်တွဲ၍ စစ်အာဏာရှင်များနှင့် အရိုးစွဲနေသည့်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ပြတ်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။