အင်ဒိုနီးရှား လွှတ်တော်တွင် ဆန္ဒပြသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲ

ဆန္ဒပြမှုကို ဖြိုခွင်းသည့် တပ်ဖွဲ့ Photo: REUTERS/Willy Kurniawan
ဆန္ဒပြမှုကို ဖြိုခွင်းသည့် တပ်ဖွဲ့ Photo: REUTERS/Willy Kurniawan
အင်ဒိုနီးရှား လွှတ်တော်တွင် ဆန္ဒပြသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲ
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် စာသုံးဆီဈေးနှုန်းများ ကြီးမြင့်မှုနှင့် သမ္မတဂျိုကိုဝီဒိုဒို၏ သမ္မတသက်တမ်း တိုးချဲ့ရန် စီစဥ်နေမှုအပေါ် ရာနှင့်ချီသည့် တက္ကသိုလ်ကျောင်းသားများက ဧပြီ (၁၁) ရက်နေ့တွင် ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း သိရသည်။

ဂျကာမြို့တော်ရှိ လွှတ်တော်အဆောက်အအုံ အပြင်ဘက်တွင် စုရုံးဆန္ဒပြနေစဥ် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆန္ဒပြကျောင်းသားများ ထွက်ပြေးခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောသည်။



အင်ဒိုနီးရှားသတင်းဌာန Kompas TV ၏ ဖော်ပြမှုအရ လွှတ်တော်အဆောက်အအုံဝင်း အတွင်းသို့ ခဲများဖြင့် ပစ်ပေါက်ခဲ့သည်ဟု ဆိုသည်။ ကနဦး သတင်းအရ အကြမ်းဖက်မှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း Reuters က ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံတဝန်း တောင်ပိုင်းဆူလာဝေစီ၊ အနောက်ဂျာဗားနှင့် ဂျကာတာတို့တွင် ရာနှင့်ချီသည့် ကျောင်းသားများက ဆန္ဒပြကြခြင်းဖြစ်သည်။



ကျောင်းသားများက စားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှုနှင့် သမ္မတသက်တမ်း နှစ်ကြိမ်ကန့်သတ်ချက်ကို ပြင်ဆင်တိုးချဲ့ရန် စီစဥ်နေမှုတို့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ အသက် (၆၀) နှစ်အရွယ် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီက အခြေခံဥပဒေပြင်ဆင်ခြင်း သို့မဟုတ် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကို ရွေ့ဆိုင်းခြင်းဖြင့် ၎င်း၏ သမ္မတသက်တမ်းကို တိုးချဲ့ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

 အင်ဒိုနီးရှားသမ္မတဂျိုကိုဝီ



"အခွင့်ထူးခံ ဩဇာရှိသူတွေက ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ လုပ်နေကြတာ ရှင်းပါတယ်။ ဒါက အခြေခံဥပဒေကို ထိပါးတာပဲ" ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသားတစ်ဦးဖြစ်သူ Muhammad Lutfi က ပြောသည်။ အင်ဒိုနီးရှားတွင် အာဏာရှင်ခေါင်းဆောင် သမ္မတဆူဟာတိုကို ရာထူးမှ ပြုတ်ကျစေခဲ့သည့် ၁၉၉၈ ခုနှစ် ဆန္ဒပြပွဲကြီးများတွင် ပါဝင်ခဲ့ကြပြီးနောက် တက္ကသိုလ်ကျောင်းသားများက နိုင်ငံ၏ဒီမိုကရေစီကို ကာကွယ်ရန် ရှေ့တန်းမှ အစဥ်တစိုက် ရပ်တည်ပါဝင်ခဲ့ကြသည်။



Source: Reuters