မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်

မန္တလေးမြို့၊ ၄၃ လမ်း၊ ၆၅ နှင့် ၆၆ ကြားရှိ မြို့နယ်တွေအုပ်ရုံး၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများကို ယနေ့ ဧပြီလ(၁)ရက်နေ့ ည(၆)နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သား(၂)ဦး သေနိုင်သည်ဟု ထုတ်ပြန်ထားသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

ဒါ့အပြင် ည(၈)နာရီခွဲဝန်းကျင်က ၃၃ လမ်း၊ ၈၇ ဒီ လမ်းထောင့် ရှိ ရပ်ကွက်ရုံးတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများအား ဝင်ရောက်ပစ်ခတ်ရာ (၄)ဦးထိမှန်ပြီး (၃)ဦးပွဲချင်း ပြီးသေကြောင်း သိရသည်။

PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်အားလုံး လုံခြုံသည့် နေရာသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။