ရွေးကောက်ပွဲအတွင်း မဲရုံကို ဗုံးဖောက်ခွဲခဲ့သည့် နေမင်းထွန်းကို PDF က ရှင်းလင်း

 ရွေးကောက်ပွဲအတွင်း မဲရုံကို ဗုံးဖောက်ခွဲခဲ့သည့် နေမင်းထွန်းကို PDF က ရှင်းလင်း
ဖေဖော်ဝါရီ 24, 2022

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း ပြင်ကြီးမဲရုံ အမှတ်(၄)ကို ဗုံးဖောက်ခွဲခဲ့သည့် ပျူစောထီးခေါင်းဆောင်ဟု ဆိုသူ နေမင်းထွန်းအား လောင်းလုံး PDF က သုတ်သင်ရှင်းလင်းလိုက်ကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 ပျူစောထီးခေါင်းဆောင်ဟု ဆိုသူ နေမင်းထွန်းသည် မဲရုံအား ဗုံးဖောက်ခွဲခဲ့မှုဖြင့် ဖမ်းဆီးအရေးယူခံရသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်ဟု သိရသည်။

ကပ္ပလီ(ခေါ်)ဗုံးခွဲရား(ခေါ်)နေမင်းထွန်းအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Launglone People Defence Forces )က သဘော့ဆိပ်ကျေးရွာအတွင်း ဘုန်းကြီးကျောင်းအနီးတွင် ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။