မတ္တရာ PDF ၏ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး

မတ္တရာ PDF ၏ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး
ဖေဖော်ဝါရီ 11, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာမှ ပြန်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ (၄)ဦးသေသွားကြောင်း သိရသည်။

သဖန်းကိုင်းရွာမှ ပြန်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် (၃၂)ဦး ပါဝင်သည့် အဖွဲ့ကို မြောင်းသစ်ရွာနှင့် ကြပ်ပြင်ရွာကားတွင် မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဘက်က ထုံးစံအတိုင်း ရမ်းသမ်းပစ်ခတ်မှုများ လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းတပ်မှ (၄) ဦးသေ၊ (၂) ဦး မီးလောင်ဒဏ်ရာရသွားကာ ပြန်သယ်သွားကြသည်ဟု သိရသည်။