ကနီမြို့နယ် ‌ဝင်းမနားတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံး

ကနီမြို့နယ် ‌ဝင်းမနားတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံး
ဖေဖော်ဝါရီ 5, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဝင်းမနားကျေးရွာအုပ်စုအတွင်း ဝင်းမနားနယ်မြေရဲစခန်း နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တပ်စွဲထားသည့် အထက(ဝင်းမနား)တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ နှစ်ဖက် အထိအခိုက်များကြောင်း သိရသည်။

အဆိုပါ နေရာများတွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖက်မှ (၂၀)ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူများကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က (၃)ဦးသည် နိုင်ငံတော်ကိုကာကွယ်ရင်း ကျဆုံးသွားကာ (၁၀)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း ကနီ PDF က သတင်းထုတ်ပြန်ထားရှိသည်.

အဆိုပါ တိုက်ခိုက်မှုကို KPDF-1၊ M&K The Boys၊ ဒီပဲယင်း PDF၊ ကနီ PDF၊ ရွှေတြိဂံတပ်ရင်း၊ ဒေသတွင်းမဟာမိတ်ညီနောင်များ၊ မဟာမိတ်ညီနောင် EAO များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ (ပ.က.ဖ) အဖွဲများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။