ဒေသကာကွယ်ရေးအဖွဲ့ (၃)ဖွဲ့က ဆားလင်းကြီးရဲစခန်းကို ကောင်းကင်မှ ဗုံးသီးပစ်ချ တိုက်ခိုက်

ဒေသကာကွယ်ရေးအဖွဲ့ (၃)ဖွဲ့က ဆားလင်းကြီးရဲစခန်းကို ကောင်းကင်မှ ဗုံးသီးပစ်ချ တိုက်ခိုက်
ဖေဖော်ဝါရီ 4, 2022

 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မှ အာဏာသိမ်းစစ်ကောင်စီ၏ ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့ (၃)ဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် ကောင်းကင်မှ ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Monywa Phoenix Warrior၊ ချင်းတွင်းဂဠုန်နဂါး၊ Triple Two အဖွဲ့များပူးပေါင်း၍ ဖွဲ့ထားသည့် မဟာမိတ်ညီနောင်အဖွဲ့က ယမန်နေ့ နံနက် (၆)နာရီဝန်းကျင်က တိုက်ခိုက်ခြင်းဖြစ်ပြီး ရဲစခန်းတွင်းမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်သော်လည်း ဒေသကာကွယ်ရေးအဖွဲ့များဘက်တွင် ထိခိုက်ဒဏ်ရာ မရကြောင်း သိရသည်။

ပြည်သူ့ဆန္ဒမဲရလဒ်များကို ပယ်ဖျက်ကာ စစ်တပ်က နိုင်ငံ့အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည်ကို အာဏာသိမ်းအုပ်စုက လက်နက်ဖြင့် အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ပြည်သူ့ခုခံတော်လှန်စစ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်မှုများ ဖြစ်ပွားလာကာ အာဏာသိမ်းစစ်ကောင်စီနှင့် ထောက်ပံ့မှုများအား ဖြတ်တောက်တိုက်ခိုက်မှုများ လုပ်လာကြခြင်းဖြစ်သည်။

#TachileikNewsAgency