ချင်းတွင်းမြစ် သောင်ပြင်သို့ ဆင်းလာသည့် အကြမ်းဖက် စကစ ၏ ပျူစောထီးအဖွဲ့ကို PDF က စောင့်ကြိုတိုက်ခိုက်ရာမှ ပျူစောထီး (၂)ဦး သေဆုံး

ချင်းတွင်းမြစ် သောင်ပြင်သို့ ဆင်းလာသည့် အကြမ်းဖက် စကစ ၏ ပျူစောထီးအဖွဲ့ကို PDF က စောင့်ကြိုတိုက်ခိုက်ရာမှ ပျူစောထီး (၂)ဦး သေဆုံး
ဇန်နဝါရီ 25, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာမှ ချင်းတွင်းမြစ် သောင်ပြင်သို့ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ လက်နက်ကိုင်ထားသော ပျူစောထီးတစ်အုပ်ကို ဇန်နဝါရီလ(၂၄)ရက်နေ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီး (၂)ဦးသေကြောင်း ချောင်းဦး PDF က ယနေ့ ဇန်နဝါရီလ(၂၅)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ချင်းတွင်းမြစ် သောင်ပြင်သို့ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ လက်နက်ကိုင်ထားသော ပျူသောထီးတစ်အုပ်ကို ချောင်းဦး PDF ၏ တပ်ခွဲ(၂)မှ အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် သေသွားသော ပျူစောထီး(၂)ဦး၏ အလောင်းကို ရွာအတွင်းသို ပျူစောထီးအဖွဲများက ဆွဲယူသွားကြသည်ဟု ထုတ်ပြန်သည်။