တောင်ငူလေတပ်မှ နံနက်တစ်ပိုင်း အချိန်အတွင်း စစ်လေယာဉ်(၇)စီးနှင့် ထောက်ပို့လေယာဉ်(၂)စီး တောင်ဘက်သို့ အများဆုံး ဦးတည် 

တောင်ငူလေတပ်မှ နံနက်တစ်ပိုင်း အချိန်အတွင်း စစ်လေယာဉ်(၇)စီးနှင့် ထောက်ပို့လေယာဉ်(၂)စီး တောင်ဘက်သို့ အများဆုံး ဦးတည် 
ဇန်နဝါရီ 19, 2022

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ တောင်ငူလေတပ်စခန်းဌာနချုပ်ကနေ Jet Fighter  (၇)စီး နှင့် ထောက်ပို့လေယာဉ်(၂)စီးတို့သည် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်ကနေ နံနက် (၁၁)နာရီဝန်းကျင်အထိ တောင်ဘက် နှင့် မြောက်ဘက်သို့ ထွက်ခွာ ပျံသန်းသွားကြောင်း သိရသည်။

နံနက်(၉)နာရီ (၅၅)မိနစ်အချိန်က Jet Fighter  (၁)စီးသည် တောင်ဘက်သို့ လည်းကောင်း၊ နံနက်(၁၀)နာရီ (၃၅)မိနစ်အချိန်က Jet Fighter  (၁)စီး သည် တောင်ဘက်သို့ လည်းကောင်း၊ နံနက်(၁၀)နာရီ (၃၈)မိနစ်အချိန်တွင် Jet Fighter  (၂)စီးသည် အနောက်မြောက်ဘက်သို့ လည်းကောင်း ထွက်ခွာသွားကြောင်း သိရသည်။

ဆက်လက်၍ နံနက်(၁၀)နာရီ (၄၄)မိနစ်အချိန်တွင် Jet Fighter (၁)စီးသည် တောင်ဘက်သို့ လည်းကောင်း ဦးတည် ထွက်ခွာသွားကြကြောင်း  နှင့်  နောက်ထပ် Jet Fighter  (၂)စီးသည် တောင်ငူလေတပ်ကို မဆင်းဘဲ မြောက်ဘက်ကနေ တောင်ဘက်ကို ဖြတ်ပျံသွားကြောင်း လေကြောင်း စောင့်ကြည့် သတင်းထုတ်ပြန်ရေးအဖွဲ့ဖြစ်သည့် Enemy Air Route က အသိပေးထားရှိသည်။

နံနက်(၁၀)နာရီ (၄၈)မိနစ်မှ (၅၂)မိနစ်အတွင်း ထောက်ပို့လေယာဉ်  Beech 1900 (၂)စီးသည်လည်း မြောက်ဘက် နှင့် တောင်ဘက်သို့ ထွက်ခွာသွားကြောင်းလည်း သိရသည်။

 

တောင်ငူလေတပ်စခန်းကနေ နေ့စဉ်  Jet Fighter အနည်းဆုံး (၅)စီး အထက် ထွက်ခွာပျံသန်းလေ့ရှိပြီး အများအားဖြင့် ကယားပြည်နယ်ဘက်သို့လည်း ဦးတည်သည်ဟု သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ယခုနောက်ပိုင်းတွင် ကုန်းကြောင်းစစ်ရေးထိုးမှုတွင် အထိနာသည့်အတွက် လေကြောင်းကို အဓိက အသုံးပြုလာနေသည်ကို တွေ့ရသည်။

#TachileikNewsAgency