မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနားတရားရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာများကို လုံးဝလက်ခံခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီက လျှို့ဝှက်ညွန်ကြားစာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့က ပေါက်ကြားလာသည်ကို တွေ့ရသည်။
ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံးနှင့် အာဂျင်တီးနားနိုင်ငံ၊ ဖက်ဒရယ်တရားရုံးတို့တွင် စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံထားရသည့် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်အား ပြည်ပမှ DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ဝင်ရောက်လာမည့် စာများအား လက်ခံခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီရုံးက ရည်ညွှန်းစာအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် ထွန်းထွန်းဦးက ဒီဇင်ဘာလ (၂၇) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် ညွန်ကြားစာ ပေါက်ကြားလာခြင်းဖြစ်သည်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်အာဏာသိမ်းပြီးနောက် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ရာဇဝတ်မှုများအတွက် အာဏာသိမ်းအဖွဲ့ စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နှင့်အာဂျင်တီးနား တရားရုံးတို့တွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။