ထိုင်းကျန်းမာရေးဝန်ကြီးက နိုင်ငံခြားအစည်းအဝေးတက်မည်ဖြစ်၍ COVID 19 ကာကွယ်ဆေး (၄)ကြိမ်မြောက်ထိုးခွင့်ရချင်

ထိုင်းကျန်းမာရေးဝန်ကြီးက နိုင်ငံခြားအစည်းအဝေးတက်မည်ဖြစ်၍ COVID 19 ကာကွယ်ဆေး (၄)ကြိမ်မြောက်ထိုးခွင့်ရချင်
နိုဝင်ဘာ 14, 2021 | နိုင်ငံတကာသတင်း| Covid-19

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က နိုင်ငံခြားအစည်းအဝေးတက်ရမည်ဖြစ်၍ (၄) ကြိမ်မြောက် COVID 19 ကာကွယ်ဆေးထိုးရန် လိုအပ်မည်ဟု ပြောကြားလိုက်သည်။

အသက် (၅၅) နှစ်အရွယ်ဝန်ကြီးသည် ဖေဖေါ်ဝါရီလအတွင်းက တရုတ်ကာကွယ်ဆေး Sinovac (၂) ကြိမ်ထိုးနှံခဲ့ပြီးနောက် AstraZeneca (၁) ကြိမ်လည်း ထပ်မံထိုးနှံထားပြီးဖြစ်သော်လည်း မကြာမီ ဆွစ်ဇာလန်နိုင်ငံတွင် အစည်းအဝေးတက်ရမည်ဖြစ်၍ quarantine မလိုဘဲ ဝင်ခွင့်ရရေးအတွက် AstraZeneca နောက်ထပ်တစ်ကြိမ် ထပ်မံထိုးနှံခွင့်ရလိုခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် ကာကွယ်ဆေး (၄)ကြိမ်အထိထိုးပေးသည့် ပထမဆုံးနိုင်ငံဖြစ်သင့်သည်ဟု ဝန်ကြီးက နိုဝင်ဘာလ (၁၁)ရက်နေ့ အစည်းအဝေးတွင် ပြောကြားသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် Sinovac နှင့် Sinopharm ကာကွယ်ဆေးထိုးနှံပေးနေပြီး တတိယအကြိမ်အဖြစ် AstraZeneca ကို ထိုးနှံပေးထားခြင်းဖြစ်ပြီး  Sinovac နှင့် Sinopharm ထိုးနှံထားသူများကို quarantine မလိုဘဲ နိုင်ငံတွင်း ဝင်ခွင့်မပေးသည့်နိုင်ငံများရှိနေ၍ ထိုင်းနိုင်ငံ၏ ကာကွယ်ဆေးထိုးအစီအစဉ်ကို ပြန်လည်စဉ်းစားသင့်သည်ဟု အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးက ပြောသွားကြောင်း သိရသည်။