ဆွစ်ဇာလန်နိုင်ငံတွင်  (၁) မိုင်ကျော် ရှည်လျားသည့် ရထားက ကမ္ဘာ့အရှည်ဆုံး ခရီးသည်တင်ရထားအဖြစ် စံချိန်တင်

ဆွစ်ဇာလန်နိုင်ငံတွင်  (၁) မိုင်ကျော် ရှည်လျားသည့် ရထားက ကမ္ဘာ့အရှည်ဆုံး ခရီးသည်တင်ရထားအဖြစ် စံချိန်တင်
အောက်တိုဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆွစ်ဇာလန်နိုင်ငံတွင်  (၁.၂) မိုင် (၁.၉ ကီလိုမီတာ) ရှည်လျားသည့် အနီရောင်ရထားက ကမ္ဘာ့အရှည်ဆုံး ခရီးသည်တင်ရထားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ 

တွဲပေါင်း (၁၀၀) ပါရှိသည့် Rhaetian Railway ကုမ္ပဏီ၏ အနီရောင် ရထားရှည်ကြီးက Alps တောင်တန်းတစ်လျှောက် အံမခန်းဖွယ် ခုတ်မောင်းခဲ့သည်။

ကမ္ဘာ့အရှည်ဆုံးရထား၏ လမ်းကြောင်းမှာ Preda နယ်မြေမှ Berguen ကျေးရွာသို့ ဖြစ်သည်။

 ထိုရထားလမ်းကြောင်းကို ၂၀၀၈ ခုနှစ်တွင် ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ 

ရထားလမ်းကြောင်းတစ်လျှောက်တွင် ဥမင် (၂၂) ခုနှင့် တံတား (၄၈) စင်းရှိပြီး ခရီးစဥ်အစအဆုံး တစ်နာရီကြာမြင့်ကြောင်း သိရသည်။

တစ်နာရီကြာမြင့်သည့် ကမ္ဘာ့အရှည်ဆုံး ခရီးသည်တင်ရထား၏ Alps တောင်တန်းတစ်လျှောက် (၁၅.၅) မိုင် ခရီးကို ခုတ်မောင်းရန် ရထားမောင်းသူ (၇) ဦးနှင့် ကျွမ်းကျင်သူ (၂၁) ဦး အသုံးပြုရကြောင်း သိရသည်။ 

ကမ္ဘာ့အရှည်ဆုံး ခရီးသည်တင် ရထားအဖြစ် စံချိန်တင်ရန် ကြိုးပမ်းမှုမှာ ဆွစ်ဇာလန်နိုင်ငံ၏ စက်မှုပညာအောင်မြင်မှုအချို့ကို မီးမောင်းထိုးပြရန်နှင့် ဆွစ်ဇာလန်မီးရထား (၁၇၅) နှစ်ပြည့်ကို ဂုဏ်ပြုရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း Rhaetian Railway ကုမ္ပဏီဒါရိုက်တာ Renato Fasciati က ပြောသည်။ 

Source: Washington Post

Photo: THE ASSOCIATED PRESS, swiss-image.ch/Philipp Schmidli, Fabrice Coffrini/AFP/Getty Images, Fabrice Coffrini/AFP/Getty Images, Yanik Buerkli/Keystone