မင်းတပ် - မတူပီလမ်းပိုင်းတွင် အာဏာသိမ်းစစ်တပ်အား ကြားဖြတ်တိုက်ခိုက်မှုအတွင်း မင်းတပ် CDF ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ  (၇၃)နှစ်အရွယ် အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦး ကျဆုံး

မင်းတပ် - မတူပီလမ်းပိုင်းတွင် အာဏာသိမ်းစစ်တပ်အား ကြားဖြတ်တိုက်ခိုက်မှုအတွင်း မင်းတပ် CDF ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ  (၇၃)နှစ်အရွယ် အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦး ကျဆုံး
နိုဝင်ဘာ 3, 2021

 ချင်းပြည်နယ်၊ မင်းတပ် - မတူပီလမ်းပိုင်းတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း မင်းတပ် CDF ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် (၇၃)နှစ်အရွယ် အငြိမ်းစား ပညာရေးဝန်ထမ်း  တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း  CDF-MINDAT မှ (၃) ဦး ဒဏ်ရာရသည့်အနက် (၁) ဦး ကျဆုံးရခြင်းဖြစ်သည်ဟု သိရသည်။

မတူပီမှ ပြန်ဆင်းလာသော အာဏာသိမ်းစစ်တပ်၏ သံချပ်ကား (၂) စီး အပါအဝင် စစ်ကား (၇၅) စီးကို CDF-MINDAT က မင်းတပ်-မတူပီ လမ်းကြားတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်းတပ်ဘက်မှ (၁၀) ဦးထက်မနည်း သေမည်ဟု ခန့်မှန်းပြီး အများအပြား ဒဏ်ရာရသည်ဟု  မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်ကို လက်နက်၊လူသူအင်အားအများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရရာလက်နက်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်။