အာဏာသိမ်းစစ်ကောင်စီက လွှတ်ပေးပြီး ပြန်ဖမ်းပါက စာရင်းများကို NUG ၏ လူ့အခွင့်အရေးဝန်ကြီးထံ ပေးပို့နိုင်

အာဏာသိမ်းစစ်ကောင်စီက လွှတ်ပေးပြီး ပြန်ဖမ်းပါက စာရင်းများကို NUG ၏ လူ့အခွင့်အရေးဝန်ကြီးထံ ပေးပို့နိုင်
အောက်တိုဘာ 18, 2021

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့တွင် အမှုပိတ်၊ ပြစ်ဒဏ်လွတ်ငြိမ်းဖြင့် လွှတ်ပေးပြီး ပြန်လည်အဖမ်းခံရသူများရှိပါက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လူ့အခွင့်အရေးဝန်ကြီးထံ သတင်းပေးပို့နိုင်ကြမည်ဖြစ်သည်။

လွှတ်ပြီး ပြန်ဖမ်းစာရင်းများ တိတိကျကျ စုဆောင်းပြီး ပေးပို့ပေးကြပါ။

ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထားခြင်းဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သူများမှ အမှုဖွင့်ဖမ်းဆီးခံထားရသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည်ဟု အာဏာသိမ်းအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ယင်းကြေညာချက်နှင့်အတူ ယနေ့လွတ်မြောက်လာသူအချို့မှာ ချက်ချင်းပင် အခြားအမှုဖြင့် ပြန်လည်ဖမ်းဆီးခံရမှုများရှိနေရာ ယင်းကဲ့သို့ဖြစ်ရပ်များကို NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် အချက်အလက်စုဆောင်းရယူနေကြောင်း သိရသည်။