အာဏာသိမ်းစစ်ခေါင်းဆောင်၏ အသက်အန္တရာယ်အတွက် ဆေးဝါးထုတ်လုပ်သည့် အခန်းအထိ ဆရာဝန်ဂျူတီကုတ်ဖြင့် လက်နက်ကိုင်အစောင့်က လိုက်ပါ စောင့်ကြပ်ပေးနေရ

အာဏာသိမ်းစစ်ခေါင်းဆောင်၏ အသက်အန္တရာယ်အတွက် ဆေးဝါးထုတ်လုပ်သည့် အခန်းအထိ ဆရာဝန်ဂျူတီကုတ်ဖြင့် လက်နက်ကိုင်အစောင့်က လိုက်ပါ စောင့်ကြပ်ပေးနေရ
အောက်တိုဘာ 9, 2021

လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသည့် မြန်မာစစ်ခေါင်းဆောင်က အသက်အန္တရာယ် လုံခြုံရေးအတွက် မစိုးရိမ်ရသည့် နေရာများ၌ပင် သေနတ်ကိုင်အစောင့်ကို ၎င်းနှင့်အတူ ဆရာဝန်ဂျူတီကုတ်ဝတ်ခိုင်းပြီး လိုက်ပါ စောင့်ကြပ်ခိုင်းထားသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးဆေးရုံခွဲ(ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးစက်ရုံတို့အား ၂၀၂၁ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က လှည့်ပတ်ကြည့်ရှုရာတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်အန္တရာယ်ကာကွယ်ပေးနိုင်ရန် လက်နက်ကိုင် လုံခြုံရေးတစ်ဦးအား ၎င်းနှင့်အတူ ဆရာဝန်ဂျူတီကုတ်ဝတ်ခိုင်းပြီး ဆေးဝါးထုတ်လုပ်သည့် နေရာများအထိ လိုက်ပါ စောင့်ရှောက်ခိုင်းထားသည်ကို ၂၀၂၁ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ ညပိုင်း MWD သတင်းတွင် တွေ့ရသည်။

ဆေးဝါးထုတ်လုပ်သည့် အခန်းများမှာ အပြင်လူပေးမဝင်စေသည့် ကန့်သတ်နေရာများဖြစ်သော်လည်း လက်နက်ကိုင် လုံခြုံရေးတစ်ဦးကို ဆရာဝန်ဂျူတီကုတ်ပေးဝတ်ကာ လိုက်ပါစောင့်ကြပ်ခိုင်းခြင်း ဖြစ်သည်။

 

Photo: MWD