တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ရဲတပ်ကြပ်တစ်ဦး ဓါးထိုးခံရ

တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ရဲတပ်ကြပ်တစ်ဦး ဓါးထိုးခံရ
အောက်တိုဘာ 8, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၆)ဦးနှင့် စာရင်း(၂)ဦးအပြင် ရာအိမ်မှူး(၁)ဦးတို့ အောက်တိုဘာလ၏ ပထမပတ်အတွင်း နှုတ်ထွက်စာတင် သွားကြကြောင်း သိရသည်။

နှုတ်ထွက်သွားကြသူများမှာ ဝက်လက်မြို့နယ်အတွင်းမှ နယ်ရွာသာကြီးကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး၊ ပေါက်ကန်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး၊ ညောင်ပင်ကြီးတောကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး၊ တပ်ရွာကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး နှင့် တပ်ရွာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ ထွေအုပ်ဝန်ထမ်းလည်းဖြစ်ပြီး ကျေးရွာအုပ်စု၏ စာရေးလည်းဖြစ်သူ တစ်ဦး၊ တပ်တဲကုန်းကျေးရွာအုပ်စု၏ ရာအိမ်မှူး၊ ကူကောင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး၊  ရုံးပင်ကုန်းကျေးရွာအုပ်စု၏ အငယ်တန်းစာရေးနှင့် မကြီးတုံကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတို့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အများဆုံးနှုတ်ထွက်ကြသည့် တိုင်းဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်သည်။