အာဏာသိမ်းစစ်တပ်၏ ဒလန် မဖြစ်လိုသည့်  ထီးချိုင့်မြို့နယ်အတွင်းမှ  အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများ ထပ်မံ နှုတ်ထွက်

အာဏာသိမ်းစစ်တပ်၏ ဒလန် မဖြစ်လိုသည့်  ထီးချိုင့်မြို့နယ်အတွင်းမှ  အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများ ထပ်မံ နှုတ်ထွက်
အောက်တိုဘာ 4, 2021

နိုင်ငံ့အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်တပ်မှ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို သတင်းပေး ဒလန်အဖြစ် အဓိက ထားရှိပြီး ဖြစ်ပေါ်လာသည့်အန္တရာယ်များကို အကာအကွယ်မပေးနိုင်သည့် အတွက် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့အထိ  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ထပ်မံနှုတ်ထွက်လာကြကြောင်း သိရသည်။ 

ကျေးရွာတွေမှာ PDF သံသယရှိရင် ချက်ချင်း သတင်းပို့ပါ။ အုပ်ချုပ်ရေးမှူးက သတင်းမပို့ရင် ရာအိမ်မှူးတွေ ကျေးရွာတာဝန်ခံတွေက သတင်းပို့ဆိုပြီး ပြောထားတာတွေရှိတယ်။

ဟု ဝက်လက်ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အောက်တိုဘာလ(၃)ရက်နေ့အထိ ထပ်မံနှုတ်ထွက်လာကြသူများမှာ ထီးချိုင့်မြို့နယ်အတွင်းမှ အလယ်တောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ပဲဟင်းကျေးရွာမှ ရာအိမ်မှူး၊ ကျက်ဆူချောင်းကျေးရွာမှ ရာအိမ်မှူး၊ ဒိုးပင်းကျေးရွာအုပ်စု၏ ရာအိမ်မှူးနှင့် အင်ဒေါင်းကျေးရွာအုပ်စု၏ ရပ်ကျေးတာဝန်ခံအပါအဝင် စုစုပေါင်း (၅)ဦးဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ(၁)ရက်နေ့အထိကလည်း  ထီးချိုင့်မြိုနယ်အတွင်းမှ   ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ရာအိမ်မှူးများအပါအဝင် စုစုပေါင်း (၁၈)ဦးလည်း နှုတ်ထွက်ကြောင်း သိရသည်။