ဝက်လက်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းလက်ပါးစေ (၂)ဦး သေဆုံးကာ PDF ဘက်က တစ်ဦးဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံရ၍ ကျဆုံးသွား

Grp: B.A.C.V.A
Grp: B.A.C.V.A
ဝက်လက်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းလက်ပါးစေ (၂)ဦး သေဆုံးကာ PDF ဘက်က တစ်ဦးဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံရ၍ ကျဆုံးသွား
အောက်တိုဘာ 3, 2021
By Tachileik News Agency

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း ဖိုဝင်းတပ်ကျေးရွာအနီးတွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဝက်လက်)တို့ ယနေ့ အောက်တိုဘာလ(၂)ရက်နေ့ နံနက်က နာရီဝက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှိမ်းမကားမှ ဆိုင်ကယ်များဖြင့် ထွက်လာသည့် အာဏာသိမ်းအဖွဲ့၏ စစ်သားနှင့်ရဲတို့အား  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဝက်လက်)က ဖိုဝင်းတပ်ကျေးရွာအနီးတွင် ပြောက်ကျားစနစ်ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဝက်လက်)ဘက်မှ တစ်ဦး ဖမ်းခံရပြီး ရှိမ်းမကားရဲစခန်းထဲတွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေ စစ်သား နှင့် ရဲတို့မှ ညှင်းပမ်းနှိပ်စက်မှုကြောင့် ကျဆုံးသွားသလို တိုက်ပွဲအတွင်း ရဲ (၂)ဦးလည်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဝက်လက်)၏ လက်ချက်ဖြင့် သေဆုံးသည်ဟု  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဝက်လက်)က အောက်တိုဘာလ(၃)ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။