PDF Kalay နှင့် CNDF တို့ ပူးပေါင်းခုခံတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ (၁၀)ဦးထက်မနည်း သေဆုံး

PDF Kalay နှင့် CNDF တို့ ပူးပေါင်းခုခံတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ (၁၀)ဦးထက်မနည်း သေဆုံး
အောက်တိုဘာ 3, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးနည်းပညာတက္ကသိုလ်အနီး နှင့် သာယာကုန်းရွာအနီး အပါအဝင် ပန်းမွန်ချောင်းတံတားနှင့် အောင်ချမ်းသာရွာကြားတို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းအဖွဲ့၏ စစ်တပ်ယာဉ်တန်းကို PDF Kalay နှင့် CNDF တို့ ပူးပေါင်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ (၁၀)ဦးထက်မနည်း သေဆုံးသည်ဟု သိရသည်။

ကလေးနည်းပညာတက္ကသိုလ်အနီးနှင့် သာယာကုန်းရွာအနီးတို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်ယာဉ်တန်းကို PDF Kalay က မိုင်းခွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းအဖွဲ့ဘက်မှ (၃)ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟု သိရသည်။

ယင်းနောက် အင်အားစုစည်းလာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ် (၆) စီးကို ပန်းမွန်ချောင်းတံတားနှင့် အောင်ချမ်းသာရွာကြားတွင် PDF Kalay နှင့် CNDF တို့ ပူးပေါင်းခုခံတိုက်ခိုက်မှုအတွင်း စစ်ကားကြီး (၃)စီးနှင့် ပရာဒိုကားတစ်စီးတို့ကို အနီးကပ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်မှ အနည်းဆုံး (၁၀) ဦးဝန်းကျင် သေမည်ဟုခန့်မှန်းထားသည်။

ကလေး - ဂန့်ဂေါ၊ ကလေး - တမူးလမ်းပိုင်းများတွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ်များ သတိထားဖြတ်သန်းကြရန်ကိုလည်း PDF Kalay က သတိပေးထားသည်။