အမျိုးသားညီညွတ်ရေးအစိုးရက ချက်သမ္မတနိုင်ငံတွင် မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်

အမျိုးသားညီညွတ်ရေးအစိုးရက ချက်သမ္မတနိုင်ငံတွင် မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်
အောက်တိုဘာ 2, 2021

 အမျိုးသားညီညွတ်ရေးအစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးကို ချက်သမ္မတနိုင်ငံတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က ဖွင့်လှစ်လိုက်သည်။

ချက်သမ္မတနိုင်ငံရှိ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့တွင် Mr. Teddy White က သံတမန်ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ယူထားပြီး ဆွီဒင်နိုင်ငံဆိုင်ရာ ဆက်သွယ်ရေးတာဝန်ခံအဖြစ် ဦးသော်အောင်၊ နော်ဝေနိုင်ငံဆက်သွယ်ရေးတာဝန်ခံအဖြစ် ဦးနိုင်ဇော်ဝင်းနှင့် ဒိန်းမတ်နိုင်ငံဆိုင်ရာဆက်သွယ်ရေးတာဝန်ခံအဖြစ် ဦးမင်းဇော်တို့က တာဝန်ယူကြမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုးရီးယားပြည်သူ့သမ္မတ္တနိုင်ငံဆိုင်ရာ ရုံးအဖွဲ့ကိုလည်း စက်တင်ဘာလ (၁၆) ရက်နေ့က ဖွဲ့စည်းဖွင့်လှစ်နိုင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်းက တာဝန်ယူထားခြင်းဖြစ်သည်။



#TachileikNewsAgency