တော်လှန်ရေးလုပ်ဆောင်မှုများကို အထူးလျှို့ဝှက်ကြရန် ကနီမြို့နယ် PDF က သတိပေး

တော်လှန်ရေးလုပ်ဆောင်မှုများကို အထူးလျှို့ဝှက်ကြရန် ကနီမြို့နယ် PDF က သတိပေး
အောက်တိုဘာ 1, 2021

 နွေဦးတော်လှန်ရေးလုပ်ဆောင်နေသူများအနေဖြင့် တော်လှန်ရေးဆိုင်ရာကိစ္စရပ်များကို အထူးလျှို့ဝျက်စွာ လှုပ်ရှားဆောင်ရွက်ကြရန် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြည်သူ လူထုအား ကာကွယ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးဆိုင်ရာ အမိန့် ညွှန်ကြားချက်များကို  လိုက်နာပြီး အချင်းချင်း အချိတ်အဆက်မိမိ စည်းလုံးညီညွတ်ကာ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်ကိုလည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုများကို အာဏာသိမ်းအဖွဲ့က လက်နက်ကိုင်အဖွဲ့အသုံးပြု၍ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ပြည်သူ့တော်လှန်ရေးအဖွဲ့များ ပေါ်ပေါက်လာရာ ပြည်သူ့ခုခံစစ်အတွင်း အပြစ်မဲ့ပြည်သူများအား ထိခိုက်မှုမရှိစေရေးနှင့် လူ့အခွင့်အရေးကို လေးစားကွယ်ကြရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့ဝင်များ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို NUG က ပြဌာန်းထားခြင်းဖြစ်သည်။

#TachileikNewsAgency