လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်ကို မလိုလားသော်လည်း အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား

လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်ကို မလိုလားသော်လည်း အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား
စက်တင်ဘာ 25, 2021
By Tachileik News Agency

လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်အား မိမိအနေဖြင့် မလိုလားသော်လည်း ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်းများရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်အား မိမိအနေဖြင့် မလိုလားသော်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်းဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မိမိတို့အနေဖြင့် ဦးဆောင် ကြိုးပမ်းဆောင်ရွက်ပေးရမည်

ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

နေပြည်တော်တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ အစည်းအဝေး (၁၅/၂၀၂၁)တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းလိုက်ပြီးနောက် စစ်တပ်အားဆန့်ကျင်သူများကို အာဏာသိမ်းစစ်တပ်၏ စစ်သားများ နှင့် ရဲတို့က ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် စက်တင်ဘာလ(၂၄)ရက်နေ့အထိ ရက်ပေါင်း(၂၃၆)ရက်နေ့အထိ သေဆုံးသူ (၁,၁၂၃)ဦးအထိ ရှိနေကြောင်း AAPP ၏ စစ်တမ်းအရ သိရပြီး  စာရင်းမဲ့ သေဆုံးမှုများမှာ ပို၍ များနိုင်သည်ဟု AAPP က အသိပေးထားသည်။

နိုင်ငံအတွင်း တိုင်းရင်းသားဒေသများနှင့် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား ရှာဖွေမှုများလုပ်ဆောင်ရာ PDF များကို မတွေ့၍ ကျေးရွာများကို မီးရှိုဖျက်ဆီးမှုများအပြင် အပြစ်မဲ့ ပြည်သူများကို လက်နက်အားကိုးဖြင့် ဖမ်းဆီးမှုများအထိ လုပ်ဆောင်မှုများရှိနေကြောင်း သိရသည်။



ဆက်စပ်သတင်း

 တက်ညီလက်ညီ လုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ်ရောက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

အာဏာသိမ်းခေါင်းဆောင်က စစ်တပ်မှတပ်ဖွဲ့အားလုံး အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်နေရန် ပြောကြားထား

ဆီကို ချွေတာပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား လုပ်ဆောင်ရမည်ဟု  အာဏာသိမ်း စစ်ခေါင်းဆောင်က လားရှိုးမြို့တွင် ထပ်ပြော