မုံရွာမြို့ရှိ စစ်တပ်ပိုင် Mytel ရုံးကို သီတင်းကျွတ်ပေးခဲ့

မုံရွာမြို့ရှိ စစ်တပ်ပိုင် Mytel ရုံး ဗုံးခွဲခံရပြီးနောက်  Photo: CJ
မုံရွာမြို့ရှိ စစ်တပ်ပိုင် Mytel ရုံး ဗုံးခွဲခံရပြီးနောက် Photo: CJ
မုံရွာမြို့ရှိ စစ်တပ်ပိုင် Mytel ရုံးကို သီတင်းကျွတ်ပေးခဲ့
စက်တင်ဘာ 15, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်တပ်ပိုင် Mytel(မုံရွာ)ရုံးတွင် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီမထိုးမိအချိန်က သံမဏိနှင့်အဖွဲ့သားများ -MPDF ကိုယ်စားပြုအဖွဲ့က ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

"ဒီနေ့ မနက်ခင်းလေးမှာတော့  မုံရွာ Mytel ရုံး ကို ကျွန်တော်တို့အဖွဲ့သားများက သီတင်းကျွတ်ပေးခဲ့ပါတယ်"ဟု MPDF က ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။

 ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦမှာ အနည်းငယ် ထိခိုက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်နှင့်ရဲတို့က မုံရွာမြို့ရှိ သလ္လာဝတီလှည်းဂိတ်တွင် ယနေ့ နံနက်(၁၁)နာရီ(၄၅)မိနစ်အချိန်အထိ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။

သံမဏိအဖွဲ့သားများ-MPDFကိုယ်စားပြု အဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီ၏ အဓိက ဒေါက်တိုင်များကို ရသည့်နည်းဖြင့် ဖောက်ခွဲရေးပြုလုပ်နေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။